Tuesday, June 30, 2009

လယ်သမားကြီးနှင့် မြွီသူငယ်

တခုသောဆောင်ရာသီ၌ လယ်သမားကြီးတဦးသည် အလွန်ချမ်းအီးနီသော ရီခဲပြင်ထက်၌ ခွီလျှက်ဝပ်နီသော မြွီငယ်တကောင်အားတွိ့လီ၏။ လယ်သမားကြီးသည် အလွန်သနားဂရုနာ သက်ရောက်လာပြီး မြွီကိုကောက်ယူကာ သူ၏အနွီးထည်ဆောင်းဝတ်အင်္ကျီအိပ်မှာ ထည့်ထားလိုက်၏။

လယ်သမားကြီးကိုယ်ခန္ဓာ၏ နွီးထွေးမှု၊ ဆောင်းဝတ်အင်္ကျီ၏ လီလုံမှုများကြောင့် မြွီငယ်သည် ပြန်လည်သက်ဝင်လှုပ်ယှားလာ၏။ မြွီရို့၏သဘာဝအလျှောက် လယ်သမားကြီးအား ပေါက်ကိုက်လိုက်၏။ လယ်သမားကြီး၏ ကိုယ်ခန္ဓာတခုလုံး အဆိပ်ပြန့်ဝင်၍ ချက်ချင်ညိုမဲ့လာ၏။ လယ်သမားကြီးသည် အလွန်ကြောက်စိတ်ဝင်လာပြီး သူ၏ထွက်သက်နှင့်အတူ ‘ရန်သူကို ခါးဗိုက်မှာထည့်၍ သနားဂရုနာသက်မိခြင်းသည် အလွန်မိုက်မဲလီစွ၊ မှားလီစွ’ ဟု အော်ဟစ်မြည်တွန်လျက် ကြောက်ကြီးသာန်ဖက်ကျကာ ဘ၀တပါးသို့ ပြောင်းလားရလီ၏။



Aesop fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
(Glada Hudik)

စားစီလိုသောစေတနာ (၀ါ) ကခြည်သည်မျောက်များ

အခါတပါး၌ နန်းတွင်းမင်းသားတဦးမှာ လေ့ကျင့်ပီးထားသော မျောက်တအုပ်ဟိ၏။ ထိုမျောက်များသည် လူများကဲ့သို့ သရုပ်ဆောင်ကပြတတ်၏။ ဆရာခိုင်းသမျှ လိုက်နာဆောင်ရွက်တတ်၏။ အလှအပဆုံးသော ၀တ်စားဆင်ယင်မှုကို နှစ်သက်တတ်ကြ၏၊ ဂုဏ်ယူတတ်ကြ၏။ တရွာဝင်တရွာထွက်၊ တမြို့ဝင်တမြို့ထွက် ပွဲလန်းသဘင်ကြီးဖြစ်မြောက်အောင်ထိ ကပြဖျော်ဖြေကြ၏။ ပရိတ်ဿတ်များ၏ ကောင်းချီးသြဘာ၊ လက်ခုပ်သံများဖြင့် ချီကျူးမှုမျိုးစုံကို အမြဲပိုင်ဆိုင်ထားသူများဖြစ်ကြ၏။

တရက်နိသောအခါ ရွာတရွာ၌ မျောက်ဇာတ်သဘင်ကြီးသည် ရာမလက္ခဏဇာတ်လမ်းကို ကပြနီစိုင် အချေတယောက်သည် သူ၏ဘောင်းဖီအိပ်ထဲက ပဲတောင့်တဆုပ်ယူ၍ စားစီလိုသောစေတနာဖြင့် စင်မြင့်ထက်သို့ ဝေးတင်လိုက်၏။ ပဲတောက်များကိုမြင်ရသော ကခြည်သည်မျောက်များသည် ဇာတ်ကရန်စိတ်မရောက်နိုင်ဘဲ မျောက်ရို့၏သဘာဝအလျှောက် အငမ်းမရ (ဣနြေ္ဒမရ) ပဲတောင့်များကို လုယက်ကောက်စားကြ၏။ ၀တ်စား ဆင်ယင်ထားသော ဇာတ်ဝတ်တန်ဆာပလာများကို ဆွဲချွတ်ကြ၊ တကောင်နှင့်တကောင် ပဲတောင့်လုစားကြ၊ ခိုက်ရန်ဖြစ်ပွားကြနှင့် လူအုပ်ကြီး၏ သရော်ရယ် ရယ်သံများကြား၌
ရာမလက္ခဏဇာတ်ဝင်ခန်းကြီး မပြီးမပြတ် ဘရုပ်သုံးဆယ်ဖြင့် အဆုံးသတ်လိုက်ရ၏။

‘အရာရာတိုင်းသည် သင်ထင်မြင်ယူဆထားသည့်အတိုင်း အမြဲထာဝရမဟုတ်ပေ။’

Aesop fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

အမဲလိုက်ခွီးနှင့်ယုန်သူငယ်

တောင်ကုန်တခု၌ အမဲလိုက်ခွီးတကောင်သည် ယုန်သူငယ်တကောင်အား တောနီတရိစ္ဆာန်အချင်းချင်း မိတ်ဆွေအဖြစ်နောက်ယောင်ခံ အမဲလိုက်လာ၏။ သူ၏ချွန်ထက်သော သွားများဖြင့် တချက်တချက် ငုံကိုက်လိုက် ပြန်လွှတ်လိုက်ဖြင့် မိတ်ဆွေခွီးတကောင်ကဲ့သို့ တောကဇာတ်လိုက်လာ၏။

ယုန်သူငယ်သည် အမဲလိုက်ခွီး၏ ငုံကိုက်လိုက် ပြန်လွှတ်လိုက် လုပ်နီသော အပျော်ထမ်း တောကဇာတ်ခံနီရမှုဒါဏ်ကို မခံမရပ်နိုင်ဖြစ်လာ၍ ‘အဆွေ……အမဲလိုက်ခွီး၊ သင်သည်အကျွန်ုပ်အား တောကဇာတ်မည့်အစား သင်၏မူလဗီဇစိတ်ရင်းကို ဖော်ပြသင့်ပါ၏။ အကယ်၍သင်သည် မိတ်ဆွေတဦးဖြစ်ပါက ပဇာကြောင်း အကျွန်ုပ်ကို နာကြင်အောင်ကိုက်ရပါသနည်း။ အကယ်၍သင်သည် အကျွန်ုပ်၏ ရန်သူတဦးဆိုပါလျှင် (သို့မဟုတ်) အကျွန်ုပ်သည် ကိုယ်ပင်၏သားကောင်တကောင်ဖြစ်နီပါလျှင် ပဇာကြောင်း ဂျီချေတကောင်ကဲ့သို့ အကျွန်ုပ်အား မကိုက်ဖြတ်ပါသနည်း။ မိတ်ဆွေသယောင်ယောင်ကဲ့သို့ ရက်စက်ယုတ်မာခြင်းသည် ရန်သူတယောက်၏ရက်စက်ယုတ်မာမှုထက် ဆိုးဝါးစွာ နာကြင်ခံစားရပါ၏။’ ဟု ပြတ်သားစွာ မီးခွန်းထုတ်လိုက်၏။

အကယ်၍ သင်သည် တစုံတယောက်အား ယုံကြည်မှုဟိခြင်း၊ မဟိခြင်းကို သဲသဲကွဲကွဲ မိမိကိုယ်ကိုမိမိမသိလျှင် မည်သူကိုမှ မိတ်ဆွေအဖြစ် မယုံကြည်ပါနှင့်။

Aesop Stories
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

သမင်မနှင့်ခြင်္သေ့ဖို

တရံရောအခါ မြှားဒါဏ်ရာရနီသော သမင်မတကောင်သည် မုတ်ဆိုး၏အန္ဒရာယ်မှ လွတ်မြောက်ရန် တဟုန်းထိုးထွက်ပြီးလီ၏။ အန္ဒရာယ်မှလွတ်မြောက်လိုသော သမင်မသည် ပြီးလွှားနီယင်း ကျောက်ဂူတခုထဲသို့ ၀င်ပုန်းအောင်းနီလိုက်၏။ သမင်မသည် မုတ်ဆိုး၏အန္ဒရယ်မှ လွတ်မြောက်ပြီးဟုထင်မှတ်လျက် ကျောက်ဂူထဲဝပ်၍ မြှားဒါဏ်ရာကို လျှာဖြင့်ယက်နီယင်း နှစ်ပေါင်းများစွာဂူအောင်းကျက်စားနီသော ခြင်္သေ့ဖိုကြီးသည် သမင်မ၏ဂုတ်ဆက်ကို ရုတ်တရက်ချုပ်ကိုက်ထားလိုက်၏။ ခြင်္သေ့ဖိုကြီး သမင်မ၏ဂုတ်ဆက်ကို မဖြုတ်တမ်းချုပ်ကိုက်ထားနီစိုင် ‘ဒုဏ္ခတရားက အကျွန်ုပ်သာဖြစ်ပါ၏။ မုတ်ဆိုး၏အန္ဒရာယ်မှ လွတ်မြောက်လိုခြင်းငြှာ ကျောက်ဂူထဲဝင်ပြီးခါမှ ခြင်္သေ့ဖို၏ စားပွဲခုန်ထက်က အဟာရပြည်စုံသော ဟင်းလျှာဖြစ်ရပါ၏’ ဟု မြည်တွန်ပြီး ဘ၀နိဂုဏ်းချုပ်ရလီ၏။

‘အန္ဒရာယ်တခုမှလွတ်မြောက်ရန် ကြိုးစားခြင်းသည် နောက်ထပ်အန္ဒရာယ်တခု၏ သားကောင်မဖြစ်စီရန် အလွန်အရေးကြီးပါ၏’


Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီးသူငယ်နှင့် ဂုန်းသကြဲ

ခွီးသူငယ်တကောင်သည် ကြက်ဥအလွန်ကြစ်တတ်၏။ ကြက်ဥစားရမှ စိတ်ကျေနပ်တတ်သည့် အလေ့အထဟိ၏။ တရက်သောအခါ အဿပြာ၊ ဂုန်းကောက်ရောင်းစားသော ဆင်းရဲသားအိမ် မောင်းကာစွမ်းအောက်၌ ဂုန်းသကြဲတလုံးကျနီ၏။ ခွီးသူငယ်သည် ထိုဂုန်းသကြဲကိုမြင်သောအခါ အလွန်ပျော်လား၏။ သူ၏ပါးစပ်ကို အကျယ်ဆုံးဖွင့်လိုက်ပြီး အာလောက်ကျ အားရပါးရ မျိုချလိုက်၏။

များမကြာခင် ခွီးသူငယ်သည် အကြီးအကျယ် ၀မ်းခဲ၊ ၀မ်းကြင့်လာ၏။ ၀မ်းခဲဝမ်းကြင့်ဝေဒနာကိုခံစားယင်း ညောင်မြစ်ကြား၌ ၀ပ်လျှက် ‘လုံးဝိုင်းသောအရာတိုင်း ကြက်ဥလို့ထင်မှတ်ခြင်းသည် အလွန်မိုက်မဲ့သော စိတ်ကူးစိတ်သန်းဖြစ်၏’ ဟု စိတ်၌ထင်မှတ်မိ၏။ ခွီးသူငယ်သည် ၀မ်းခဲဝမ်းကြင့်ရောဂါဖြင့် ညောင်မြစ်ကြား၌ ဘ၀တပါးသို့ ပြောင်းရလီ၏။

တွေးတောဆင်ခြင်ခြင်း၊ သုံးသပ်ခြင်းမဟိဘဲ စိတ်ကူးအထင်အတိုင်း လုပ်သောသူသည် မမျှော်လင့်သော အန္ဒရာယ်ကြီးနှင့်ရင်ဆိုင်ရ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီးအိမ်

အလွန်အီးသော ဆောင်းရာသီတခု၌ ခွီးချေတကောင်သည် အအီးဒါဏ်ကိုခုခံနိုင်ရန် အိမ်ငယ်တဆောင်ဆောက်ရန် ရည်ရွယ်လိုက်၏။ လိုအပ်သောပစ္စည်းများကို စုဆောင်လီ၏။

ပစ္စည်းကရိယာများ စုဆောင်းနီယင်း ပူပြင်းခြောက်သွိ့သော နွီရာသီသို့ပြန်ရောက်လာ၏။ ခွီးချေသည် ခွီးရို့၏သဘာဝအလျှောက် ရမ်းပေါက်လီခံ၍ ခြီဆန့်လက်ဆန့် နီရာအနှံ့လိုက်အိပ်တတ်လေ့ဟိ၏။ ‘အေလောက်ကောင်းသော ရာသီဥတုမှာ ဇာအိမ်ဆောက်စရာ လိုသိမ့်လေ‘ ဟု အိပ်ရာမှ နိုးထလာတိုင်း သူကိုယ်သူ မီးခွန်းထုတ်လေဟိ၏။ `မလိုအပ်သောအရာကို ဆက်လုပ်နီခြင်းသည် အချိန်ကုန်ခံ၍ အချိန်ကိုဖြုန်းတီးနီခြင်းသာဖြစ်၏‘ ဟုလည်းဆိုလိုက်၏။

ရာသီဥတု၏ ပြောင်လှဲ့မှုကြောင့် မိုးဥတုသည် အလှည့်ကျဝင်ရောက်လာ၏။ ခွီးချေသည် မိုးရီစိုစွပ်ခြင်း၊ ပထ၀ီမြီကြီးများစွပ်စို၍ အိပ်စရာနီရာမဟိခြင်း၊ လီအီးတိုက်ခပ်မှုဒါဏ်များကို မခုခံနိုင်၍ ရွာဦးဘုန်းကြီးကျောင်းကို ကပ်ခိုရန်ဆိုက်ရောက်လာ၏။ ကျောင်းအိပ်၊ ကျောင်းစား၊ ကျောင်းနီခွီးငယ်များက ‘ခွီးငပျင်း…နီရာအတည်တကျလည်းမဟိ၊ ရွင့်ဂျာ…ငပျင်း၊ ဂေါင်း…ဂေါင်း…ဂေါင်း..။‘ ဟောင်၍ မောင်းထုတ်လိုက်ကြ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

စားဖိုမှုးနှင့် ခွီးသူငယ်

အခါတပါး၌ သန်းကြွယ်သဋ္ဌေးတဦးသည် အလွန်ကြီးကျယ်ခန်းနားသော ပွဲလန်းသဘင်တခု ကျင်းပလီ၏။ ထိုပွဲလန်းသဘင်သို့ သူ၏မိတ်ဆွေငယ်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဂုဏ်ရည်တူ သဋ္ဌေးကြီးများကိုလည်း ဖိတ်ကြားထား၏။ သန်းကြွယ်သဋ္ဌေးကြီး၌ အလွန်လိမ်မာပါးနပ်သော၊ သခင်အလိုကျသစ္စာစောင့်ထိမ်းသော ခွီးငယ်တကောင်ဟိ၏။

ထိုခွီးငယ်ကလည်း စားကြွင်းသောက်ကျန်များအား လာရောက်စားသောက်ကြည်ရန် သူ၏မိတ်ဆွေ ခွီးသူငယ်ချင်းများကို ဖိတ်ကြားထား၏။ သူ၏မိတ်ဆွေခွီးသူငယ်များအားလုံး စားကြွင်းသောက်ကျန်းများ စားသောက်ရန် စွန့်ပစ်ရာဘယ်လက်ခေါင်နောက်သို့ စုရုံးလာကြ၏။

ခွီးသူငယ်သည် ဘယ်လက်ခေါင်ပြတင်းပေါက်မှပျော၍ စုရုံးနီကြသောသူ၏ ခွီးသူငယ်ချင်းများအား ‘ကိုယ်ပင်ရို့၏ကြွရောက်လာခြင်းကို အလွန်ဝမ်းမြောက်စွာ ကြိုဆိုပါ၏။ အေနိသည် အကျွန်ုပ်အတွက် အလွန်ပျော်စရာကောင်းသောနိထူးနိမြတ် ဖြစ်ပါ၏။ များမကြာခင် စားကြွင်းသောက်ကျန်များကို
အောက်သို့ဝေးပစ်မည် ဖြစ်ပါ၏။ မိတ်ဆွေအပေါင်းရို့ အားရပါးရသုံးဆောင်ကြပါ’ ဟုသူ၏ပိတုံးကိုလှုပ်ယမ်း၍ ကြွားဝါစွာ အော်ပြောလိုက်ပြီးနောက် ခွီးငယ်သည်လောင်ပွန်း၊ အိုး၊ ခွက်များ၌တင်ကျန်နီသော စားကြွင်း သောက်ကျန်များအား လောဘတကြီးကျုံးစားလီ၏။

လောင်ပွန်း၊ အိုး၊ ခွက်များ၌ ခွီးခြီရာများ ကျား၍ပေါ်နီသည်ကို မြင်ရသောစားဖိုမှုးသည် အလွန်ဒေါသထွက်လာ၏။ ပြတင်းပေါက်နားက ပိတုံးတလှုပ်လှုပ်ကျုံးစားနီသော ခွီးငယ်ကို စားဖိုမှုးသည် ခြီဖနှောင့်ဖြင့် ဘေးစကိုကျောက်ချလိုက်၏။ ခွီးငယ်သည် ပထ၀ီမြီကြီးသို့ ဖုန်တထောင်းထောင်းထလာအောင် ပြုတ်ကျလားရ၏။ သူအလွန်နာကြင်လားပြီး တဂိန်ဂိန်မြည်လျှက်၊ ကျီးထောက်ကျီးထောက်ဖြင့် အိမ်ဂြောက်သို့ဝင်လားလီ၏။ သူ၏ခွီးမိတ်ဆွေသူငယ်ချင်းများ အနားသို့ဝိုင်းအုံလာကြပြီး ‘ဇာပိုင်လဲ…..အဆွေ၊ စားရသောက်ရ ကောင်းယင့်လား၊ အရသာတွိယင့်လား’ ဟု မီးမြန်းကြ၏။ ခွီးသူငယ်သည် မရှက်မျက်နှာဖြင့် ‘၀ိုင်သောက်စွာ ကောင်းကောင်းများလားရေ၊ တခုကိုလည်းမမှတ်မိလိုက်ဗျာ။ ပြတင်းပေါက်က ပြုတ်ကျလားစွာကိုတောင် မသိလိုက်….အဆွေ’ ဟု ပြန်ဖြေလိုက်၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီး၊ ကြက်ဖက်ကြီးနှင့် တောခွီး

ရှိသရောအခါ ကြက်ဖက်ကြီးတကောင်နှင့် ခွီးတကောင်သည် အလွန်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြ၏။ တရက်သောအခါ ခွီးနှင့်ကြက်ဖက်ကြီးရို့ ခရီးလားရန် သဘောတူလိုက်ကြ၏။ ခရီးလမ်းတခု၌ နီမှောင်လာ၍ ထူထပ်သောတောအုပ်ကြီးတခု၌ ညဥ့်အိပ်ကြ၏။ ကြက်ဖက်ကြီးသည် သစ်ပင်မြင့်ထက်တက်၍ သစ်ကိုင်းတခုမှာ အိပ်ရာယူလိုက်၏။ ကြက်ဖက်ကြီး၏မိတ်ဆွေဖြစ်သူ ခွီးသည် ၄င်းသစ်ပင်၏ အခေါင်း၌ ၀င်အိပ်လိုက်၏။ မိုးလင်းအာရုံရောင်နီသန်းလာသောအခါ ကြက်ရို့၏သဘ၀အလျှောက် ကြက်ဖက်ကြီးသည် “အီကရီး……အီး…၊ အီကရီး……အီး…၊ အီကရီး……အီး…” ဟု သုံးကြိမ်ကျယ်လောင်စွာတွန်လိုက်၏။

ထိုကြက်တွန်သံကိုကြားရသော တောခွီးတကောင်သည် ကြက်ဖက်ကြီးနှင့်ခွီးရို့အိပ်နီသော သစ်ပင်အောက်သို့ ရောက်လာ၏။ တောခွီးသည် ကြက်ဖက်ကြီးအား စားချင်လွန်၍ လျှာရည်သိမ်းနီ၏။ “အေလောက်သာယာ နာပျော်ဖွယ်ကောင်းသော အသံပိုင်သျှင် အဆွေကြက်ဖက်ကြီးအား အာရုံဦးရောင်နီအောက်၌ ဆန္ဒပြင်းပြစွာ အဆွေခင်ပွန်း လုပ်ချင်၍ အေသစ်ပင်အောက်သို့ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏။ လက်ဆွဲနှုတ်ဆက်၊ လိုင်ချင်းဖက်၍ မိတ်ဖြစ်ဆွေဖြစ် ပွဲလမ်းသဘင်ကျင်းပကတ်မည် အဆွေကြက်ဖက်ကြီး၊ ဆင်းလာလတ်ပါ။” ဟု တောခွီးသည် မာယာပရိယာယ်ကြွယ်စွာဆွဲဆောင်ခေါ်ချလိုက်၏။

ကြက်ဖက်ကြီးသည် တောခွီး၏ ကြွယ်ဝသောပရိယာယ်ကို သံသဖြစ်မိ၏။ အဆွေတောခွီး ကိုယ်ပင်၏ ဖော်ရွယ်သောစေတနာအား အကျွန်ုပ်အသိအမှတ်ပြုပါ၏။ အေလောက်လှပသော အာရုံဦးရောင်နီအောက်မှာ အဆွေတောခွီးနှင့် မိတ်ဆွေပြုရခြင်းကား အလွန်မင်္ဂလာဟိပါ၏။ အကျွန်ုပ်အောက်သို့ဆင်းလာနိုင်ရန် သစ်ပင်အောက်၌အိပ်နီသော အကျွန်ုပ်၏ ကူလီအားနှိုးလိုက်ပါ။ သူသည် သစ်ပင်ခြီရင်းက သစ်ခေါင်းမှာအိပ်နီပါ၏။ သူလည်းအကျွန်ုပ်ကဲ့သို့ အလွန်စိတ်သဘောထားကောင်းပါ၏။” ဟု နားဝင်ချိုသော စကားကို ပြန်ဆိုလိုက်၏။

တောခွီးသည် သစ်ပင်အောက်မှ သစ်ခေါင်းနားသို့ကပ်လာသောအခါ ခွီးသည်ခုန်၍ ဂုတ်ဆက်ကို ကိုက်ဖမ်းလိုက်ပြီး၊ လမ်းခရီးတလျှောက် ရိက္ခာအဖြစ်ဖြည့်စွက်လိုက်၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

စဥ္ဒရားမင်းခွာနှင့်ကျီးကန်း

တရံရောအခါ စဥ္ဒရားမင်းခွာတကောင်သည် လှိုင်ဂူတခု၌ ပိတ်လှောင်မိခြင်းခံရလီ၏။ အချိန်ကြာမြင့်လာသောအခါ သူသည်သူဥများမှ ပေါက်ပွားလာသော စဥ္ဒရားမင်းခွာငယ်များအား “ငါရို့ခွာအမျိုးအနွယ်သည် ရုပ်ရည်အားဖြင့် အလွန်လှပ၏။ အများသူတကာ ချစ်ခင်လေးစာမှုကိုရဟိ၏။ ငှက်တကာငှက်ထဲမှာ ချစ်စနိုးငှက်အဖြစ် သတ်မှတ်ခြင်းခံရ၏။ လူ့ရပ်လူ့ပြည်အား သာယာသော သဘာာဝပါတ်ဝန်းကျင်ကို ဖြစ်ထွန်းစီ၏။ ထို့ကြောင် ရခိုင်ဘုရင်စဥ္ဒရားမင်းကြီးကိုယ်တိုင် ငါရို့ခွာအမျိုးအနွယ်ကို ဖီးမဲ့ပီးခသည့်နိကစ၍ လူ့လောကတခုလုံးက ငြိမ်းချမ်းရေးငှက်အဖြစ် ခေါ်ဝါတင်စားကြ၏။” ဟု နိစိုင်ရက်ဆက် ဂုဏ်ယူဝံ့ကြွားစွာ ပြောပြနီ၏။

ထိုစဥ္ဒရားမင်းခွာ၏ ဂုဏ်ယူဝံ့ကြွားပြောဆိုသံကိုကြားရသော ကျီးကန်းသည် “ချစ်စွာသော အဆွေစဥ္ဒရားမင်းခွာ အချိန်ကာလနှင့် မသင့်လျှော်သော ဂုဏ်ယူဝံ့ကြွားမှုကို ရပ်နားလိုက်ပါ။ မြောက်များစွာသော အဆွေ၏မိသားနှင့်အတူ ကြီးမားသော သောကဝေဒနာကိုခံစားယင်း အဆွေ၏မိသားစုဝင် စဥ္ဒရားမင်းခွာငယ်များအား ဤထောင်တွင်း၌ ပိတ်ဆို့ခြင်းခံရမှုကို ဆက်လက်တွိမြင်နီရပါလိမ္မည်။ အတိတ်ကအဖြစ်အပျက်ကို ပီတိခံကြွားဝါနီမည်အစား လက်ဟိလုပ်သင့်လုပ်ထိုက်သော အလုပ်ကိုလုပ်ခြင်းဖြင့် အတိုင်းအဆမဲ့လွတ်လပ်မှု အာကာသဟင်းလင်းပြင်၌ အဆွေ၏ နောင်လာနောင်သားများ လွတ်လပ်စွာပျံသန်း ပျော်ပါနီမှုကို တွိမြင်ရပါလိမ္မည်။” ဟု ပြောဆို၍ လှိုင်ဂူနားမှ ပျံထွက်လား၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ဝံလက်နှင်မြှား

တရက်သောအခါ မြှားပစ်သံကိုကြားရသော ၀ံလက်ငှက်ကြီးတကောင်သည် ပြင်းထန်သောလီထုကိုဖြတ်၍ အာကာသဟင်းလင်းပြင်ထက် တဟုန်ထိုးပျံတက်လီ၏။ သီလောက်သောဒါဏ်ရာဝေဒနာကို ခံစားနီရ၏။
ဝံလက်ငှက်ကြီးသည် ဒါဏ်ရာဒါဏ်ချက်နှင့်အတူ ပထ၀ီမြီကြီးသို့ တဖြည်းဖြည်းပျံဝဲ ဆင်းသက်လာ၏။ မြှားဒါဏ်ရာမှ သွီးများယိုထွက်စီးဆင်းနီ၏။

ပျံဝဲဆင်းသက်လာယင်း မြှားဒါဏ်ရှာနှင့်မြှားကို တချက်စိုက်ကြည့်လိုက်၏။ မြှားတံရိုး၌ တန်းဆာဆင်ထားသော ငှက်မွှီးများမှာ သူ၏ကိုယ်ခန္ဓာမှ ငှက်မွှီးညှင်းများဖြစ်နီသည်ကို တွိလိုက်ရ၍ “အို…..ငါ့ကိုယ်ခန္ဓာက ငှက်တောင်မွှီးညှင်း၊ ငါ့ရင်တွင်းကိုထိုးဖေါက်၊ ငါ့အသက်ကိုပျောက်စီပါ၏လား” ၀ံလက်ငှက်ကြီး နောင်တကြီးစွာ ရလီ၏။

မိမိ၏ယိုယွင်းပျက်စီးမှု အားနည်းချက်များကို ရန်သူထံသို့စွန့်ကြဲခြင်းသည် မိမိအားကျဆုံးစီ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ပုရွက်ဆိတ်နှင့်စဥ္ဒရားမင်းခွာ

ပုရွက်ဆိတ်တကောင်သည် ရီသောက်ရန်ချောင်းကမ်းနားတခုသို့ ထွက်လာ၏။ သူသည်ခြီလျှော်၍ ချောင်းထဲသို့ လိမ့်ကျလားပြီး ချောင်းကြောတလျှောက် မျှောပါလာ၏။ ပုရွက်ဆိတ်သည် လှိုင်းလုံးများကြား နစ်မြုတ်လိုက်၊ ပြန်ပေါ်လိုက်နှင့် သူ၏အသက်ကို ကယ်တင်ရန် ရုန်းကန်နီရ၏။ ထိုအဖြစ်အပျက်ကို မြင်သောစဥ္ဒရားမင်းခွာသည် အလွန်သနားလာမိ၍ သစ်ခက်ငယ်တခုကို ပုရွက်ဆိတ်အနားသို့ ပစ်ချလိုက်၏။ သစ်ခက်ငယ်အား ကပ်ခိုလျက် ပုရွက်ဆိတ်သည် ချောင်းတဖက်ကမ်းသို့ ဆိုက်ရောက်နိုင်ခလီ၏။

များမကြာခင် ချောင်းကမ်းနားတ၀ိုက် ကျင်လည်ကျက်စားနီသော စဥ္ဒရားမင်းခွာအား မုတ်ဆိုးကြီးတဦးသည် လီသနပ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်နီသည်ကို ပုရွက်ဆိတ်တွိမြင်လီ၏။ ပုရွက်ဆိတ်ငယ်သည် မုတ်ဆိုးခြီဖနှောင့်ကို ကိုက်လိုက်သောအခါ မုတ်ဆိုး၏ပစ်မှတ်လွဲ၍ စဥ္ဒရားမင်းခွာ အသက်သီဘေးအန္တရာယ်မှ လွတ်ကင်းရလီ၏။

မဖြစ်စလောက်သော ကောင်းကျိုးသည်လည်း ဧရာမကြီးမားသော ကောင်းကျိုးကိုဖြစ်ထွန်းစီ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

လင်းလျှူ၊ ဝေလငါးနှင့် ငါးသလောက်

တရံရောအခါ လင်းလျှူနှင့် ဝေလငါးများကြား၌ ပြင်းထန်သောစစ်ပွဲတခုဖြစ်ပွား၏။ စစ်ပွဲအသျှိန်အဟုန် ပြင်းထန်လာသောအခါ ငါးသလောက်တကောင်သည် လှိုင်းလုံးကြီးများကြားမှ ခုန်ထွက်လာပြီး “ကိုယ်ပင်ရို့၏ စစ်ပွဲကြောင်း အပြစ်မဲ့ပြည်သူများ အဆမတန်သီကြီပျက်စီး၊ ဆုံးယှုံးကြရပါ၏။ ပြည်သူရို့ပိုင်ဆိုင်သော အိုးအိမ်လယ်ယာများလည်း ပျက်စီးကြရကုန်၏။ အကယ်၍ ကိုယ်ပင်ရို့နှစ်ဦးနှစ်ဖက်ရာ အကျွန်ုပ်အား ခုန်ထိုင်လူကြီးအဖြစ်လက်ခံပါမည်ဆိုလျှင် သင်ရို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် အကျွန်ုပ်ဆောင်ရွက်ပီးပါမည်။” ဟု ကတိစကား ဆိုလိုက်၏။

“အကျွန်ုပ်ရို့စစ်ပွဲ၌ အသင်ငါးသလောက်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင် ဆောင်ရွက်မည်ကို လက်ခံမည့်အစား အေစစ်ပွဲအတွင်း တဖက်နှင့်တဖက် အမျိုးပြုံးအောင် ဆက်တိုက်ပါမည် အဆွေငါးသလောက်ကြီး။” ဟု လင်းလျှူနှင့် ဝေလငါးများက တပြိုင်တည်း ပြန်ဖြေလိုက်၏။

ကိုယ်နန့်မဆိုင်ကေ ဘေးထိုင်ပါ။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

နွားကောင်ပုတ်နှင့်ခွီးသင်းအုပ်

အယင့်အယင်ခေါက်ကခါ ခွီးသင်းတအုပ်သည် မြစ်ကမ်းနားတခုသို့ရောက်လာကြ၏။ မြစ်ကြောတလျှောက်မျှောပါလာသော နွားကောင်ပုတ်တကောင်ကိုမြင်သောအခါ ခွီးများသည် လျှာရည်သိမ်းလာကြ၏။ အလွန်စားချင်လာကြ၏။ သို့သော် နွားကောင်ပုတ်အား လှမ်းစားရန်ကား မဖြစ်နိုင်ပေ။ နွားကောင်ပုတ်ကိုစားနိုင်ရန် ခွီးအုပ်ကြီးသည် အစည်းအဝေးတခုလုပ်ကြလီ၏။ အစည်းအဝေး၌ မြစ်တခုလုံးဟိသော ရီကိုသောက်ပစ်မှ နွားကောင်ပုတ်ကို အလွယ်တကူစားရနိုင်မည်ဖြစ်ကြောင်း သဘောတူကြလီ၏။

မြစ်ရီမခမ်းဘဲ သူရို့၏၀မ်းများပေါက်ကွဲလုမတတ်ဖြစ်လျက် မြစ်ကမ်းထုံး၌ ဘုန်းဘုန်းလဲကျကြလီ၏။

မဖြစ်နိုင်စွာကို အချိန်ကုန်ခံ၍ မကြိုးစားပါနှင့်

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီးနှင့်ဝံပုလယ်

ငတ်မွတ်ခေါင်းပါး၍ ပိန်ကြုံ့ကြုံ့ဖြစ်နီသော ၀ံပုလွယ်တကောင်သည် မြင်းအုပ်တခုအနားသို့ အမဲလိုက်ရန် ရောက်လာ၏။ မြင်းအုပ်ထဲသို့ချောင်း၍ ၀င်လာသောအခါ မြင်းစောင့်ခွီးက “အို……အစ်ကိုကြီး” ချစ်စွာသောစကားသံဖြင့် လှမ်းခေါ်လိုက်ပြီး “အကျွန်ုပ်ရို့ကား အဖညီအစ်ကိုသားသမီးများဖြစ်ကြပါ၏။ မသေချာမရေရာသောလောကဖြင့် ဘ၀နိဂုဏ်းချုပ်ရမည့်အစား၊ ပဇာကြောင့် အကျွန်ုပ်ကဲ့သို့ အလုပ်တခုခု မလုပ်နိုင်ပါသနည်း။ အကျွန်ုပ်နှင့်အတူတူအလုပ်လုပ်ပါက ပုံမှန်အစားအစာ စားသောက်ရပါမည်။ အိပ်ရာကောင်း၌လည်း အိပ်စက်ရပါမည်” ဟုအကြံပြုဆွဲဆောင်လိုက်၏။

“အကယ်၍ နီရာကောင်း၊ အလုပ်ကောင်းရာရမည်ဆိုပါက အကျွန်ုပ် ညီတော်မောင်နှင့်အတူ အလုပ်လုပ်ချင်ပါ၏” ဟု ၀ံပုလွယ်စိတ်ဝင်စားစွာ ပြန်ဖြေလိုက်၏

“အကျွန်ုပ်နှင့်အတူလိုက်လတ်ပါ။ အကျွန်ုပ်၏သခင်သည် အလွန်စိတ်ကောင်းပါ၏။ အစ်ကိုကြီးရာ အကျွန်ုပ်နှင့်အတူ ရိုးသားစွာအလုပ်လုပ်လိုပါက အလွယ်တကူရနိုင်ပါ၏” ဟု ပီယ၀ါစာစကားဆိုလိုက်၏။

ဝံပုလွယ်နှင့်ခွီးညီအစ်ကိုနှစ်ယောက်သည် အလုပ်လျှောက်ရန် မြို့ထက်သို့တက်လာ၏။ လမ်းခုလပ်၌ ၀ံပုလွယ်သည် ညီဖြစ်သူခွီးငယ်၏ လိုင်ပင်းကိုသတိထား စိုက်ကြည့်မိ၏။ အမွှီးအမျှင်များကျွတ်ကျလျှက် အနာဖီးဝပ်၍ အသားပို့တက်နီသောဒါဏ်ရာဒါဏ်ချက်များကို တွိလိုက်ရသောအခါ “ညီတော်မောင်၏ လိုင်ပင်းက ပဇာကြောင်း အနာဖီးတသောသောနှင့် အသားပို့တက်နီရပါသနည်း” ဟု စုံစမ်းမီးမြန်းလိုက်၏။

“အို……အစ်ကိုကြီး… အေချင့်ကား တခုလည်းမဟုတ်ပါ။ အကျွန်ုပ်၏ သခင်က အကျွန်ုပ်အိပ်ရာဝင်တိုင်း ကြိုးဖြင့်ချိုင်နှောင်ထားရန် လိုင်ပတ်စည်းထားသော အရှာဖြစ်ပါ၏။ များမကြာခင် နောက်တယောက်လည်း ယားကျိကျိအမာရွက်များကို ဆက်ခံခါနီးနီပါ၏။” ဟု ခွီးငယ်သည် မရိတရိပြုံးလျှက် ပြန်ဖြေလိုက်၏။

“အေလောက်ဆို လုံလောက်ပါ၏။ မစခင် မင်္ဂလာဟိစွာဖြင့် လမ်းခွဲလိုက်ကတ်ပါမည် သခင်ကြီးညီတော်မောင်” ဟုပြောဆိုပြီးလျှင် ၀ံပုလွယ်သည် လမ်းခွဲထွက်လားလီ၏။

ဝဖြိုးသောကျွေးကျွန်အဖြစ်နှင့် အသက်ရှင်နီရခြင်းထက် လွတ်လပ်စွာဘ၀ကို ရုံးကန်ရခြင်းက ပိုမွန်မြတ်၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီးတအုပ်နှင့်တောခွီးတကောင်

တရက်သောအခါ ခွီးတအုပ်သည် ခြင်္သေ့ကြီးအရီတခုကို တွိကြလီ၏။ ခွီးအုပ်ကြီးအလွန်ပျော်လား၏။ သူရို့၏ထက်မြက်သော သွားစွယ်သွားချောင်းများဖြင့် ခြင်္သေ့ကြီးအရီအား တစစီကိုက်စားနီကြ၏။ ထိုတွင် ကောက်ကျစ်သော တောခွီးတကောင်သည်လည်း ထိုခွီးအုပ်ကြီးနားသို့ ရောက်လာ၏။ တောခွီးသည် ခြင်္သေ့အရီးကို စားချင်လွန်း၍ လျှာရည်ယိုလျှက် အနီအနားတ၀ိုက် မွှိပါတ်လားနီ၏။

“အဆွေခွီးအပေါင်းရို့၊ အကယ်၍ ခြင်္သေ့ကြီးရာ အသက်ရှင်ဟိနီခပါလျှင် ခြင်္သေ့ကြီး၏ခြီသည်း လက်သည်းများသည် သင်ရို့၏သွားစွယ်သွားချောင်းများထက် ထက်မြက်သန်မာသည်ကို အဆွေရို့ ကြောက်မက်ဖွယ် တွိကြရမည်မှာ သေချှာပါ၏။” တောခွီးသည် ယိ့သဲ့သဲ့ခြိမ်းခြောက်လိုက်၏။


လူတယောက်အား ဂျောက်တွင်းသို့ တိုးချရန်ကားအလွန်လွယ်လှပါ၏။ သို့သော် ဂျောက်တွင်းမှ ကယ်တင်ရန်ကား အလွန်ခက်ခဲ၏။


Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

Sunday, June 28, 2009

လီနတ်သားနှင့်နီနတ်သား

လီနတ်သားနှင့်နီနတ်သားရို့သည် မကြာမကြာ ငြင်းခုန်ခိုက်ရန်ပွားလေ့ဟိ၏။ တရက်သောအခါ နီနတ်သည် ကျွန်ုပ်၏အတိုင်းအဆမဲ့ ပူပြင်းသောရောင်ခြည်ဖြင့် ဤကမ္ဘာကြီးအား ခြောက်သွိလားအောင် ဖန်တီးနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်၏။ လီနတ်သားကလည်း အယှုံးမခံ ကျွန်ုပ်၏ တန်ခိုးကြီးမားသော လီမုန်းတိုင်းဖြင့် သင်၏ပူပြင်းခြောက်သွိမှုကို စိုစွပ်သော မိုးရာသီအဖြစ်ပြောင်းလဲပစ်နိုင်သည်ဟု တုန့်ပြန်ငြင်းဆန်လိုက်၏။

၎င်းအငြင်းပွားမှုအနားမှ နွားကျောင်းသားတဦးသည် ၀တ်ရုံချုံထည်ထူထူတခုဝတ်လျှက် ဖြတ်လာ၏။ ထိုအခါ နီနတ်သားမှ “အဆွေလီနတ်သား သင်၏တန်ခိုးကြီးမားသောလီအားဖြင့် နွားကျောင်းသားချုံထားသော ၀တ်ရုံကို ချွတ်ပစ်နိုင်ပါမည်လား။ အကယ်၍ ၀တ်ရုံကိုကွင်းလုံးကျွတ် မချွတ်ပြနိုင်လျှင်၊ အကျွန်ုပ်ချွတ်ပြနိုင်ပါ၏။” ဟု ပြိုင်ဆိုင်ပြောဆိုလိုက်၏။

“အဆွေနီနတ်သား အလွန်လွယ်လှပါ၏၊ စောင့်ကြည်နီပါ” ဟုပြောပြီး လီနတ်သားသည် သူ၏ပါးဂျောင်တွင်းထဲက လီကိုအစွမ်းကုန်မှုတ်ထုတ်လိုက်၏။ နွားကျောင်းသားသည် တဖြည်းဖြည်းချမ်းလာ၏။ သူဝတ်ရုံထူထူအား တင်းကျပ်အောင်း စည်းရုံထားလိုက်၏။ တဖြည်းဖြည်းပြင်းထန်စွာ လီတိုက်လာသောအခါ နွားကျောင်းသားသည် လီကွယ်ရာတောင်စောင်းနား၌ ကွယ်လျှက်နားခိုနီ၏။ ၀တ်ရုံကိုလည်း ကျွတ်မထွက်ရအောင် တင်းကျပ်စွာ ထပ်ဝတ်ထားလိုက်၏။

“အဆွေ လီနတ်သား အေတခါ အကျွန်ုပ်အလှည်ဖြစ်ပါ၏။ စောင့်ကြည့်နီပါ” ဟု ပြောဆိုပြီး နီနတ်သားသည် သူ၏နီရောင်ခြည်ကို တဖြည်းဖြည်းထုတ်လွှတ်လိုက်၏။ နွားကျောင်းသားလည်း တဖြည်းဖြည်းပူအိုက်လာ၏။ ထိုနောက် သူ၏ ချုံထည်ဝတ်ရုံကို ချွတ်ချလိုက်ပြီး အရိပ်ကောင်းသော ကုဣိယ်ပင်ကြီးအောက်သို့ ၀င်ထိုင် လိုက်၏။

“မြင်ယင့်လား အဆွေလီနတ်သား။ နွားကျောင်းသား ၀တ်ရုံချွတ်လို့ ကုဣိယ်ပင်အောက် ၀င်ထိုင်နီရပါ၏။” ဟု ရယ်ပြောလိုက်၏။

“ပူး……၀ူး……၀ူး…” လီနတ်သားသည် သူ၏ပါးဂျောင်တွင်းထဲမှလီကို မှုတ်လွှတ်လိုက်၏။

စိမ်းလမ်းသော၊ ရွှီဝါရောင်သန်းစပြုနီသော စပါးခင်းများသို့ လှမ်းကြည့်လျှက် “ အို…အလွန်လှပသော
ဝါကျွတ်လရာသီ မဟုတ်ပါလား။” နွားကျောင်းသား တအံ့တသြပြောလိုက်မိ၏။

နုညံ့သိမ်မွေ့စွာ ဆွဲဆောင်ခြင်းသည် အကောင်းဆုံးပေါ်လစီဖြစ်၏။

Aesop fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik (Sweden)

ပြာပင်ကြီးနှင့် လမံပင်များ

ခက်မငါးဖြာနှင့်အလွန်ပြည့်စုံသော ပြာပင်ကြီးတပင်သည် မြစ်ကမ်းနားတခု၌ဟိ၏။ အရိပ်ကောင်း၍ မြစ်ကြောတလျှောက် လားလာကြသောခရီးသည်များအတွက် နားခိုစရာဇရပ်သဖွယ်ဖြစ်နီ၏။ ကျီးငှက်များသည်လည်း တသောင်းသောင်းတဖျဖျ ခိုနားကြ၏။ အလွန်သာယာစဖွယ် ဖြစ်လျှက်ဟိ၏။

ထိုပြာပင်ကြီးနှင်မနီးမ၀ီး မြစ်ကမ်းပါးဟိပြင်ဖြူတခုမှာ လမံပင်များပေါက်ရောက်နီကြ၏။ မိုးကြီးလီပြင်းတိုက်လာတိုင်း လမံပင်များသည် တချဲချဲ ၀မ်းနည်းကြွီကွဲသော သာခြင်းသံဖြင့်
မြီးကြီးဝပ်လုမတတ် ဖြစ်ကြရကုန်၏။ ထို့အဖြစ်အပျက်ကို နိစိုင်ရက်ဆက်မြင်တွိနီရသော ပြာပင်ကြီးသည် လမံပင်များအတွက် အလွန်စိတ်မကောင်းဖြစ်ရ၏။

“အကျွနှုပ်ကား အလွန်ကံကောင်းသော သစ်ပင်တပင်ဖြစ်ရပါ၏။ မိုးဒါဏ်လီဒါဏ်ကို ကြံ့ကြံ့ခံနိုင်ပါ၏။ မိုးကြီးလီပြင်တိုက်လာတိုင်း သာယာသောသာခြင်းသံကိုရာ သီဆိုတတ်ပါ၏။ မည်သည့်မိုးကြီးမုန်တိုင်းကမျှ အကျွနှ်ုပ်အားဒုက္ခမပီးနိုင်ပါ။” ဟု ပြာပင်ကြီးသည် လမံပင်များအား မာနထောင်ဝင့်ဝါ၍ ပြောလိုက်၏။
ပြာပင်ကြီး၏ ၀င့်ဝါသောစကားသံကို နားထောင်နီယင်း လမံပင်များသည် တုန်လှုပ်ချောက်ချားလာကြ၏။ တောင်အရပ်မှ ကောင်းခင်တခုလုံးညိုမဲလျှက် မုန်တိုင်းတိုက်ရန် အားယူနီ၏။ မိုးရိပ်ခဲကြီးများ တလိပ်လိပ်တက်လာကြ၏။ တိမ်တိုက်ကြီးများကြားမှ လျှပ်စစ်များပြနီ၏။ ဖြားရီများ တဖြည်းဖြည်း မြင့်တက်လာ၏။ နီညိုလာသည်နှင့်အမျှ မုန်တိုင်းသည်ပြင်းသထက်ပြင်းထန်လာ၏။ ကြီးမားထွားကျစ်သော ပြာပင်ကြီးသည် မတုန်မလှုပ် မားမားရပ်လျှက် မုန်တိုင်ကြီးအား ကြံ့ကြံ့ခံနီ၏။ သို့သော် ညသန်းခေါင်ယံရောက်သောအခါ မိုးသည်းထန်စွာရွာချသည့်ဒါဏ်၊ ဖြားရီတိုက်စားမှုဒါဏ်နှင့် အလွန်ပြင်းထန်သော လီမုန်တိုင်းဒါဏ်ကြောင့် ပြာပင်ကြီး၏အမြစ်များ ကုတ်ချိပ်မထားနိုင်ဘဲ မြစ်သို့ဘုန်းဘုန်းလဲကျလားရလီ၏။

လီမုန်တိုင်းကြီးငြိမ်သက်လားသောအခါ လမံပင်များသည် သူရို့၏ တချဲချဲဝမ်းနည်းကြွီကွဲသော သာခြင်းကိုဆက်ဆိုလျှက် “အဆွေပြာပင်ကြီး သင်ကားစစ်ယှုံးသောတိုက်ပွဲ၌ ကျဆုံးလားရသော စစ်သူကြီးတဦးနှင့်တူပါ၏။ စစ်ပွဲလည်းယှုံး သင်လည်းဆုံးရပါ၏။” ဟု သနားသောလီသံဖြင့် ပြောကြလီ၏။

မိမိကိုယ်ကိုဂေါင်းမာသည်ဟု ယူဆမှုသည် ကြီးမားသောအင်အားတခုအဖြစ်မြင်ရသော်လည်း ဆုံးခန်းတိုင်ဖို့ကား အလွန်ယှားပါးပါ၏။ ပျော့ပျောင်းသိမ်မွိသော နည်းပရိယာယ်သည် ဆုံးခန်းတိုင်၍ ကျဆုံးမှုအလွန်နည်းပါး၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ပဇီပဇာများသောဗျိုင်းဖြူကြီး

တရံရောအခါ ဗျိုင်းဖြူကြီးတကောင်သည် မြစ်ကမ်းပါးတခုသို့ အစာရှာထွက်လာ၏။ သူသည်မြစ်ကမ်းပါး၏ သဲခုံပြင်ထက်၌ ကျောက်ရုပ်ထုတခုကဲ့သို့ မတုန်မလှုပ်ရပ်လျှက် ငါးများဖြတ်လားဖြတ်လာကြသည်ကို စောင့်နီလီ၏။ သူ၏ရှည်လျှားသောနှုတ်သီးကို ငါးဖမ်းရန်အဆင်သင့်ပျင်ဆင်ထား၏။ ဖြားရီအတက်နှင့်အတူ ငါးငယ်တအုပ်ဗျိုင်းဖြူကြီး ခြီရင်းသို့ရောက်လာကြ၏။ “ငါးချေတိက အလွန်ငယ်၏။ တလုပ်စာတောင်မပြည့်။” ဟု ထင်မှတ်ပြီး မဖမ်းဘဲစောင့်ကြည့်နီ၏။

ဖြားရီပြည့်လာသည်နှင့်အတူ ငါးငယ်များသည်တအုပ်ပြီးတအုပ် ဗျိုင်းဖြူကြီးနားသို့ ရောက်လာ၏။ သို့သော် ဗျိုင်းဖြူကြီးသည် ငါးငယ်များကို အလွန်ငယ်သည်ဟု ယူဆပြီး “အဆာပြေတောင် မလုံလောက်” ဟ
ု ပြောလိုက်၏။ ငါးကြီးကြီးဖမ်းရန် ဆက်၍စောင့်မျှော်နီ၏။

ဖြားရီကျသည်နှင့်အမျှ ငါးငယ်များ ဗျိုင်းဖြူကြီးနားနီသော သောင်ခုံမှ ရီနက်ရာမြစ်ကြောသို့ တဖြည်းဖြည်း ထွက်လားကြလီ၏။ တနားလောက်ကြာသောအခါ ဖြားရီးလည်းခန်း ငါးငယ်များလည်းမြစ်ကြောသို့ ရောက်လားကြကုန်၏။

ဗျိုင်းဖြူကြီးသည် တဖြည်းဖြည်းဂေါင်းချုပ်လာ၏ ဒေါဿထွက်၊ စိတ်တိုလာ၏။ ပဇီပဇာများသော ဗျိုင်းဖြူသည် ငါးကြီးဖမ်းဖို့စောင့်မနီနိုင်ဘဲ အနားဟိရာရီအိုင်ငယ်ထဲဝပ်နီသော ပင်လယ်ပင်ဇွပ်အား ဒေါင်းပြောက်ချေထင်၍ သူ၏နှုတ်သီးရှည်ဖြင့် တောက်ဖမ်းလိုက်သောအခါ နှုတ်သီးကျိုးလုမတက် နာကြင်မှုကိုခံစားလိုက်ရ၏။ နာကြင်မှု၊ ၀မ်းညင်မှုနှင့်အတူ သူ၏အသိုက်သို့ပျံထွက်လားရလီ၏။

“ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ရောက်လာသောအခွင့်အလမ်းကို လက်မလွှတ်ပါနှင့်”

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik (Sweden)

ခြင်္သေ့အိုနှင့်ယုန်သူငယ်

အယင့်အယင်ခေါက်ကခါ အလွန်အိုမင်းသော ခြင်္သေ့အိုကြီးတကောင်သည် ကျောက်ဂူခေါင်းတခုအတွင်း နီထိုင်၏။ ခြင်္သေ့အိုကြီး၏ခြီလက်များသည် တုံတုံယင်ယင်ဖြစ်လာ၏။ တဖြည်းဖြည်းဂျီသုဉ်းလာ၏။ သူသည် သားရဲတရိစ္ဆှာန်များအား ဖမ်းမစားနိုင်၍ ကြုံလှီလာ၏။

ခြင်္သေ့အိုကြီးသည် ကျောက်ဂူခေါင်းမှထွက်လျှက် သားကောင်များအား သူအနားသို့လာကြရန် ဖိတ်ခေါ်လိုက်၏။ ‘အဆွေသားရဲတရိစ္ဆှာန်အပေါင်းရို့ အကျွန်ုပ်သည် အလွန်အိုမင်းမစွမ်းရောက်နီပါ၏။ တယောက်တည်း ဤကျောက်ဂူခေါင်း၌ အထီးကျန်ဘ၀ဖြစ်နီရပါ၏။ အလာဘ၊ သလာဘပြောဆိုရန်လည်း တစုံတယောက်မှ မဟိပါ။ အကျွန်ုပ်တဘ၀လုံး တွိကြုံခရသောအဖြစ်အပျက်များ၊ ၀တ္ထုပုံပြင်များပြောပြပါမည်။ လာရောက်နားထောင်ကတ်ပါ အဆွေသားရဲတရိစ္ဆာန်အပေါင်းရို့’ ဟုဖိတ်ခေါ်လိုက်၏။

သားရဲတရိစ္ဆာန်များသည် သူရို့အားဖမ်းမစားနိုင်ဟုထင်မှတ်ပြီး ခြင်္သေ့အိုကြီး၏ဘ၀အတွိအကြုံ ၀တ္ထုပုံပြင်များနားထောင်ရန် စုရုံးရောက်လာ၏။ ခြင်္သေ့အိုကြီးသည် သူ၏၀တ္ထုပုံပြင်များအား လာနားထောင်သော သားရဲတရိစ္ဆာန်များအိပ်မောကျလာတိုင်း ဖမ်းယူစားသောက်လေ့ဟိ၏၊ သို့ဖြင့် သားရဲတရိစ္ဆာန်များ သူ၏ကျောက်ဂူတ၀ိုက်၌ တဖြည်းဖြည်းပြုန်းတီးယှားပါးလာ၏။

တရက်နိသောအခါ ယုန်သူငယ်တကောင်သည် ခြင်္သေ့အိုကြီးကျောက်ဂူနားသို့ ရောက်လာ၏။ သူသည်
မနီးမ၀ီးမှရပ်လျှက် ‘အဆွေခြင်္သေ့အိုကြီး ကောင်းကောင်း နီမကောင်းဖြစ်နီရေလို့ ကြားရပါ၏။ ပဇာအခြေအနေ ဟိပါရေလဲ။ သက်သာပါယင့်လား’ ဟု သတင်းစကားမီးလိုက်၏။

‘အဆွေယုန်သူငယ် အနားကိုတိုးလာပါ။ အကျွန်ုပ်စကားကျယ်ကျယ်ပြောရန် မစွမ်းနိုင်လောက်အောင် ဖြစ်နီပါ၏။ မသီခင် မှာစရာ၊ ပြောစရာစကားများကို ပြောပြထားခချင်ပါ၏။ အနားကပ်နားထောင်ပါအဆွေ’ ဟု ခြင်္သေ့အိုကြီးက မာယာပရိယာယ်ဆင်လိုက်၏။

‘ရာပေါင်းများစွာသော သားရဲတရိစ္ဆာန်ခြီရာ၊ ခြီသည်းများသည် သင်၏လှိုင်ဂူခေါင်းထဲသို့ ၀င်ကြသည်ကို တွိရပါ၏။ သို့သော် ၄င်းသားရဲတရိစ္ဆာန်များ၏ ပြန်ထွက်လာသော ခြီရာ၊ ခြီသည်းများကိုကား အကျွန်ုပ်မတွိရပါ။ ဤကား အလွန်ထူးဆန်းနီပါ၏ အဆွေခြင်္သေကြီး’ ဟု ပြောဆိုပြီး ယုန်သူငယ်သည် ထိုကျောက်ဂူနားမှ ပြန်လှည့်ထွက်လားလီ၏။

သူတပါရို့၏ အတိတ်ကအမှားကို ပစ္စုပ္ပန်မှာ သင်၏ဘ၀အတွက် အရေးကြီးသော သင်္ခန်းစာအဖြစ် သင်ယူမှတ်သားပါ။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (
ချောင်းသာကြီး)

ကြက်ဖက်ကြီးနှင့်ခဲဝါ

တရံရောအခါ နွီရာသီညဇာခြင်းတခု၌ ကြက်ဖက်ကြီးတကောင်သည် သူ၏နောက်လိုက်ကြက်များကို အိပ်တန်းတက်ရန် ဆော်သြလိုက်၏။ ‘အဆွေ ကြက်အပေါင်းရို့ သစ်ဖျားတင်နီလုံးကြီး၏ရောင်ခြည်သည် တဖြည်းဖြည်းညှိုးမှိန်လာ၏။ အန္တရာယ်ဟူသမျှကို အကျွန်ုပ်စောင့်ယှောက်ကာကွယ်ပီးပါမည်။ စိုးရိမ်ကြောင်းကြကင်းမဲ့စွာ အိပ်ပျော်နိုင်ကတ်ပါစီ။’ ဟု အားပီးစကားပြောဆိုလိုက်၏။

ကြက်ဖက်ကြီးသည် သူ၏တောင်ဖံကြား၌ဂေါင်းထိုးလျှက် အိပ်မောကျနီသော်လည်း သစ်ပင်အောက်သို့ ခဲဝါတကောင်ရောက်လာသည်ကို သတိပြုမိလိုက်၏။ ခဲဝါသည် သစ်ပင်ထက်၌ ကြက်ဖက်ကြီးနှင့်အတူ အိပ်ပျော်နီသောကြက်တအုပ်ကိုမြင်ရ၍ လျှာရည်ယိုနီ၏။

‘အဆွေ……ကြက်ဖက်ကြီး သတင်းကောင်းတခုကြားပါယင့်လား’ ဟု ခဲဝါမှ မီးလိုက်၏။

‘ပဇာသတင်းကောင်းလဲ အဆွေခဲဝါ’ ဟု ကြက်ဖက်ကြီးက ပြန်မီး၏။

‘ငြိမ်းချမ်းရေး……အဆွေ……ငြိမ်းချမ်းရေး။ တရိစ္ဆာန်အားလုံး တဦးကိုတဦးလိုက်ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းယူစားသောက်ခြင်းမပြုရ။ တရိစ္ဆာန်အားလုံး ညီရင်းအစ်ကို၊ မောင်နှစ်မ၊ မိတ်ဆွေခင်ပွန်းအဖြစ် အီးချမ်းစွာနီထိုင်ရန် ငြိမ်းချမ်းရေးစာချုပ်ရွီးထိုးလိုက်ကြပါ၏။ အကျွန်ုပ်ရို့တရိစ္ဆာန်လောကကြီးသည် အလွန်ပျော်စရာကောင်းသော ဥယာဉ်တခုဖြစ်ပါ၏’ ဟု ခဲဝါမှယှင်းပြ၏။

‘အကယ်၍ သင်ပြောစကားမှန်ပါက အလွန်ဝမ်းမြောက်ပါ၏အဆွေခဲဝါ။ အကျွန်ုပ်ရို့တရိစ္ဆာန်အချင်းချင်း ငြိမ်းချမ်းရေးရယူသင့်ပါ၏’ ဟု ကြက်ဖကြီးမှ ပြန်ဖြေ၏။

‘အကျွန်ုပ်အတွက်ကား ဤနိသည် ဘ၀တွင်အပျော်ရွှင်ဆုံးနိတနိဖြစ်ပါ၏။ ထို့ကြောင်း အဆွေကြက်အပေါင်းရို့အား လက်ဆွဲနှုတ်ဆက်လိုပါ၏။ အဆွေကြက်ဖက်ကြီးရို့ အောက်သို့ဆင်းလာကတ်ပါ။ ယုံယုံကြည်ကြည်ဖြင့် မိတ်သဟာယပွဲလမ်းသဘင်ကျင့်ပကြရန် မင်္ဂလာအချိန်အခါဖြစ်ပါ၏’ ဟု ခဲဝါကလှုံ့ဆော်လိုက်၏။

‘အကျွန်ုပ်လည်း အဆွေခဲဝါကဲ့သို့ ထပ်တူထပ်မျှပျော်ရွှင်ပါ၏။ သို့သော် အကျွန်ုပ်ရို့ကျင့်ပသော ပွဲလမ်းသဘင်ကြီးသို့တက်ရောက်ရန် ရွာစွန်နားမှ ခွီးနှစ်ကောင်လည်းလာနီပါ၏။ ဤနိသည်လည်း သူရို့အတွက် အပျော်ရွှင်ဆုံးနိကောင်းနိမြတ်ဖြစ်ပါလိမ္မည်။’ ဟု ကြက်ဖက်ကြီးသည် အ၀ီးသို့လှမ်းကြည့်၍ ပြန်ဖြေလိုက်၏။

ကြက်ဖက်ကြီးပြန်ဖြေသောစကားကိုကြားရသောအခါ ခဲဝါသည် နားရွက်ထောင်လျှက်ကြောက်ကြီးသန်ဖက် ထိုသစ်ပင်အောက်မှ ထွက်ပြီးလားလီ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

ကေသာရာဇာခြင်္သေ့မင်းနှင့်ကြွက်သူငယ်

တရံရောအခါ ကေသာရာဇာခြင်္သေ့မင်းသည် သစ်ပင်တပင်အောက်၌ အိပ်ပျော်နီစိုင် ကြွက်ငယ်တကောင်သည် ခြင်္သေ့၏နှာခေါင်းထက်၌ ပြီးလွှားကဇတ်နီ၏။ ခြင်္သေ့မင်းသည် ရုတ်တရက်နိုးကျလာသောအခါ သူ၏နှာခေါင်းထက်၌ ပြီးလွှားကဇတ်နီသော ကြွက်ငယ်ကိုမြင်ရ၍ အလွန်ဒေါသထွက်လာပြီး ကြွက်ငယ်အား လက်ရဖမ်းလိုက်၏။

ကြွက်ငယ်သည် အလွန်ကြောက်ရွံ့တုန်လှုပ်လား၏။ ‘အို……အဆွေ ကေသာရာဇာခြင်္သေ့မင်ကြီး အကျွန်ုပ်အား သနားသောအားဖြင့် မစားပါနှင့်။ အကျွန်ုပ်အားပြန်လွှတ်ပီးပါ။ အဆွေ၏ကြီးမားသောကျေးဇူးကို တနိပြန်ဆပ်ပီးပါမည်။ အကျွန်ုပ် သစ္စာကတိပြုပါ၏။’ ဟု ကြွက်ငယ်မှဆို၏။

ကေသာရာဇာခြင်္သေ့ကြီးသည် ခယ၀န်ချတောင်းပန်၍ အသနားခံနီသောကြွက်ငယ်အား ‘သင်၏သစ္စာကတိ တည်ပါစီ။’ ဤကဲ့သို့သော အပြုအမူမျိုး နောင်ကိုမလုပ်ရန် ကြိမ်းမောင်း၍ပြန်လွှတ်လိုက်၏။

တရက်သောအခါ ခြင်္သေ့မင်းကြီးသည် အမဲလိုက်နီယင်း မုတ်ဆိုးထောင်ထားသော သံနားပါတ်ကွန်လျှာ၌ ကျလီ၏။ ခြင်္သေ့သည် ရုံးထွက်ရန်ကြိုးစားသော်လည်း မလွတ်မြောက်နိုင်သောကြောင့် ကြောက်လန့်၍ အဆက်မပြတ်ဟိန်းဟောက်နီ၏။ ထိုဟိန်းဟောက်အော်သံကိုကြားရသောကြွက်ငယ်သည် ကေသာရာဇာခြင်္သေ့မင်းကြီး အန္တရာယ်ဆိုက်ရောက်နီသည့်နီရာသို့ အလျှင်မြန်စွာပြီးလာ၏။ ‘အဆွေ…ခြင်္သေ့မင်းကြီး မစိုးရိမ်ပါနှင့်။ အကျွန်ုပ်၏ထက်မြက်သောသွားများဖြင့် သံနားပါတ်ကွန်လျှာမှ လွတ်မြောက်အောင် ကိုက်ဖြတ်ပီးပါမည်’ ဟု ပြောဆိုပြီး ကြွက်ငယ်သည် ကွန်လျှာအား တကွင်းပြီးတကွင်း ကိုက်ဖြတ်လိုက်၏။

ကြွက်ငယ်၏ကူညီမူကြောင်း ကြီးမားသောအန္တရာယ်သံနားပါတ်ကွန်လျှာမှ ကေသာရာဇာခြင်္သေ့မင်းကြီး လွတ်မြောက်ရလီ၏။ ထို့ကြောင့် ခြင်္သေ့သည် ကြွက်ငယ်အား အကောင်းဆုံးမိတ်ဆွေအဖြစ်ပြုလျှက် ထိုတောအုပ်ကြီး၌ အတူတကွနီထိုင်ကြလီ၏။

ငယ်သော်ငြားလည်း ကြီးမားသောစွမ်းရည်ဟိပါ၏၊
မိတ္တာတရားသည် အင်အားထက်တန်ဘိုးကြီးမားပါ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

ခွီးသူငယ်နှင့်အမဲရိုး

တရက်သောအခါ ခွီးချေတကောင်သည် သားသတ်ရောင်းသောဆိုင်နား၌ ဆိုင်သျှင်သနားလာအောင် ပတုံးတလှုပ်လှုပ်ဖြင့် အရိုးကြွင်းကျန်များလွှင့်ပစ်ရန် မျှော်ဇပ်ခံနီ၏။ ခွီးချေအား ဆိုင်သျှင်မြင်သောအခါ ၀က်ခြီထောက်အရိုးတချောင်း လှမ်းဝဲပီးလိုက်၏။ ခွီးချေသည် အလွန်ပျော်လား၏။ အမဲရိုးကိုကိုက်ပြီး ခွီးချေသည် ပတုံးထောင်လျှက် သားသတ်ရောင်းဆိုင်နားမှ ပြီးထွက်လာ၏။ အလွန်အရသာဟိသော အမဲရိုးကို ခုနှစ်ရက်တပါတ်စားသောက်ရန်အတွက် သိုလှောင်ထားမည့်နီရာကို စိတ်ကူးယိုင်စိုင်းစားလာယင်း ပေါင်းကူးတန်းထားချေတခုကို ဖြတ်ကျော်လာ၏။

ထိုတန်းထားချေကိုဖြတ်ကျော်နီစိုင် ခွီးချေသည် ရီပြင်ကိုတချက်လှမ်းကြည်လိုက်၏၊ ထိုအခါ ကြိုင်နီသောရီပြင်ထဲ၌ ခွီးကြီးတကောင်သည် အမဲရိုးကြီးတချောင်းကိုကိုက်လျှက် ခွီးချေအား လှမ်းကြည့်နီသည်ကိုတွိရ၏။ ခွီးချေသည် အမဲရိုးကြီးကိုတွိလိုက်ရသောအခါ သတင်းနှစ်ပါတ်စာလောက် စားသောက်ရမည်ဟု လောဘတတ်လာ၏။

ခွီးချေသည် အမဲရိုးကြီးကို လှမ်းကိုက်ရန် နှသွီးကိုဖွင့်လျှက် ရီထဲသို့ခုန်ဆင်းလိုက်၏။ သူ၏နှသွီးမှ ပြုတ်ကျလားသောအမဲရိုးသည် ရီထဲ၌ တဖြည်းဖြည်းမြုတ်ကျလားလီ၏။ ခွီးချေသည် ခွီးကြီးကိုက်ထားသော အမဲရိုးကြီးကိုလိုက်ရှာသော်လည်း မတွိသဖြင့် သူ၏ပတုံးကိုခြီနှစ်ချောင်းကြားတွင်ကုတ်လျှက် စိတ်ညစ်ညစ်ဖြင့် အိမ်ပြန်လာလိုက်ရပါ၏။

လုံလောက်သောအစားအစာသည် စတုတီသာပွဲသဘင်ကြီး၏ဟင်းလျှာထက်ပြည့်စုံ၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

ဝင့်ဝါသောဥဒေါင်းနှင့်ဂြိုးကြာငှက်ကြီး

တရံရောအခါ တောအုပ်ကြီးတခုအတွင်း ဥဒေါင်းငှက်တကောင်ဟိ၏။ ဥဒေါင်းသည် သူ့ကိုယ်သူ အလွန်လှပသော တရိစ္ဆာန်တကောင်ဖြစ်ကြောင်း၊ သူ၌အလွန်လှပသော ရောင်စုံပတုံးရှည်ကြီး တခုဟိကြောင်း၊ သူ့ခန္ဓာကိုယ်သည် ရောင်စုံမွှီးညှင်းများဖြင့်ပြည့်လျှံနီကြောင်း၊ တခြားသောငှက်များရှိ၌ နီထွက်တိုင်းဟန်ရေးပြလျှက် ၀င့်ဝင့်ဝါ၀ါပြောဆိုလေ့ဟိ၏။

တရက်နိသောအခါ ဂြိုးကြာငှက်ကြီးတကောင်သည် ၄င်းတောအုပ်ကြီးထဲသို့ အစာရှာဆင်းလာ၏။ ဥဒေါင်းသည် ဂြိုးကြာငှက်ကြီးအနားသို့ရောက်လာပြီး၊ သူ၏ရောင်စုံပတုံးရှည်ကြီးအားဖြန့်ထောင်လျှက် သူမည်မျှလှပကြောင်း ဖြတ်လားဖြတ်လာကြွားဝါနီ၏။ သို့သော် ဂြိုးကြာငှက်ကြီးသည် ဥဒေါင်းအားလှည့်မကြည့်နိုင်အား အစာလိုက်ရှာနီရ၏။

ထိုအခါ ဥဒေါင်းငှက်က ‘ဟေး ဂြိုးကြာငှက် ငါ့ကိုတချက်လှည့်ကြည့်ဇမ်၊ ငါ့လောက်လှရေငှက်ကို သင်မြင်ဖူးယင့်လား’ ဟုပြောဆို၏။

ဂြိုးကြာငှက်ကြီးသည် မကြားယောင်ဆောင်၍ အစာကိုရာလိုက်ရှာနီ၏။ ဂြိုးကြာငှက်ကြီး မကြားကွန်ဆောင်နီသည်ကိုမြင်သောအခါ ဥဒေါင်းသည်အလွန်စိတ်ဆိုး၏။

‘ဇာလောက်အရုပ်ဆိုးရေငှက်လဲချင့်၊ နှသွီးနန့်ဥဂေါင်းကလည်းမလိုက်ဖက်။ ခြီတောက်ကရှည်၊ အရောင်ကပြာဟောက်ဟောက်၊ ကောင်းကောင်းအရုပ်ဆိုးရေ’ ဟု ကဲ့ရဲ့ပြောဆိုလိုက်၏။

ကဲ့ရဲ့သံကြားသော်လည်း စကားတခွန်းမပြန်ဘဲ ဂြိုးကြာငှက်ကြီးသည် မိမိဖမ်းမိသောဖါးတကောင်ကို သူ၏လိုင်ခြောင်းအစာအိမ်တွင်းထည့်သွင်းလျှက် ထပျံလား၏။ ထိုနောက် ၀င့်ဝါစွာဟန်ရေးပြနီသော ဥဒေါင်းထက်မှ တ၀ဲလည်လည်ပျံလျှက် ‘အဆွေဥဒေါင်း ပဇောင်ပင်အရုပ်ဆိုးသော်ငြားလည်း အကျွန်ုပ်သည်ကား မိုးသားတိမ်တိုက်ထိတိုင် ပျံသန်းနိုင်ပါ၏။ အဆွေကား အကျွန်ုပ်ကဲ့သို့ ပျံသန်းနိုင်ပါယင့်လား။’ ဟုပြောဆိုလျှက် မိုးကောင်းခင်ထက်သို့ ပျံတက်လားလီ၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

ကျီးကန်းလိမ္မာ

တရက်သောအခါ ကျီးကန်းတကောင်သည် ပေါင်မုန့်ဖုတ်စက်ရုံမှ ပေါင်မုန့်တချပ်ကိုက်ချီလာ၏။ ၀မ်းသာဝမ်း မြောက်စွာဖြင့် ပေါင်မုန့်စားရန် သစ်ပင်တပင်ထက်၌ နားနီစိုင်၊ ကျီးကန်းနားနီသော သစ်ပင်အောက်သို့ ကောက်ကျစ်စဉ်းလဲသော တောခွီးတကောင် ရောက်လာ၏။ (အဆွေကျီးကန်း သင်ကားအလွန်လှပ၏။ သင့်အသံလည်း ပျားရည်ကဲ့သို့ သာယာချိုမြ၏။ ပဇာကြောင့် သာခြင်းမဆိုပါသနည်း။ အဆွေ၏ သာယာချိုမြသော သာခြင်းသံကိုနာကြားလို၍ အကျွနှုပ်လာရခြင်းဖြစ်ပါ၏။) ဟုမြှောက်ပင့်ပြောဆိုလိုက်သည်။ ကျီးကန်းသည် တောခွီး၏မြှောက်ပင့်ပြောဆိုမှုကို ကောင်းကောင်းနားလည် သဘောပေါက်လိုက်၏။ လိမ္မာပါးနပ်စွာဖြင့် ပေါင်မုန့်ကို ခြီသည်းဖြင့်ကုတ်နင်းထားပြီး သျှိန်ဒိုင်သာခြင်းကို စဆိုလိုက်၏။

ပြုတ်မနူံးမျက်နှာဖြင့် တောခွီးက (ယခုခေတ်ကျီးကန်းရို့ ကလို့လည်းကောင်းကောင်းတော်ရေဟု ပြောကြ၏။ ပဇာကြောင်း မကပါသနည်း အဆွေကျီးကန်း) ဟုမီးလိုက်၏။

ကျီးကန်းသည် ပေါင်မုန့်ကိုနှသွီးနှင့် ပြန်ကိုက်ထားလိုက်ပြီး ဒုံးယိမ်းအကဖြင့် ကပြလိုက်၏။

(အယင့်အယင်ခေါက်က ကောင်းကောင်းလိမ်စားလို့ကောင်းရေလို့ အဖိုးသျှင်ရို့ပြောကြ၏။ ယခုအခါကား ကျီးကန်းရို့ကောင်းကောင်းလိမ္မာလာကြ၏) ဟု ပြောဆိုပြီး စိတ်ညစ်ညစ်ဖြင့် တောထဲသို့ ပြန်ဝင်လားခလီ၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

ကျီးကန်းမိုက်

အခါတပါး၌ ကျီးကန်းတကောင်သည် ပေါင်မုန့်ဖုတ်စက်ရုံမှ ပေါင်မုန့်တချပ်ကိုက်ချီလာ၏။ ၀မ်းသာဝမ်းမြောက် စွာဖြင့် ပေါင်မုန့်စားရန်သစ်ပင်တပင်ထက်၌ နားနီစိုင်၊ ကျီးကန်းနားနီသော သစ်ပင်အောက်သို့ ကောက်ကျစ် စဉ်းလဲသော တောခွီးတကောင်ရောက်လာ၏။ ‘အဆွေကျီးကန်း သင်ကားအလွန်လှပ၏။ သင့်အသံလည်း ပျားရည်ကဲ့သို့ သာယာချိုမြ၏။ ပဇါကြောင့် သာခြင်းမဆိုပါသနည်း။ အဆွေ၏သာယာချိုမြသော သာခြင်းသံကို နာကြားလို၍ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏။‘ ဟု မြှောက်ပင့်ပြောဆိုလိုက်သည်။ ကျီးကန်းသည် တောခွီး၏မြှောက် ပင့်သံကိုကြားရသောအခါ အလွန်ဝမ်းမြောက်ပီတိဖြစ်လာ၏။ အလွန်ကြည်နူးကျေနပ်လာ၏။ အားရပါးရ သာခြင်းဆိုရန် နှသွီးကိုဖွင့်ဟလိုက်သောအခါ ကိုက်ထားသောပေါင်မုန့်သည် အောက်သို့ပြုတ်ကျလား၏။ တောခွီးသည်ပြုတ်ကျလာသော ပေါင်မုန့်ကိုခုန်၍ဖမ်းကိုက်လျှက် တောထဲသို့ဝင်ပြီးလားလီ၏။

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)