Tuesday, June 30, 2009

ခွီးအိမ်

အလွန်အီးသော ဆောင်းရာသီတခု၌ ခွီးချေတကောင်သည် အအီးဒါဏ်ကိုခုခံနိုင်ရန် အိမ်ငယ်တဆောင်ဆောက်ရန် ရည်ရွယ်လိုက်၏။ လိုအပ်သောပစ္စည်းများကို စုဆောင်လီ၏။

ပစ္စည်းကရိယာများ စုဆောင်းနီယင်း ပူပြင်းခြောက်သွိ့သော နွီရာသီသို့ပြန်ရောက်လာ၏။ ခွီးချေသည် ခွီးရို့၏သဘာဝအလျှောက် ရမ်းပေါက်လီခံ၍ ခြီဆန့်လက်ဆန့် နီရာအနှံ့လိုက်အိပ်တတ်လေ့ဟိ၏။ ‘အေလောက်ကောင်းသော ရာသီဥတုမှာ ဇာအိမ်ဆောက်စရာ လိုသိမ့်လေ‘ ဟု အိပ်ရာမှ နိုးထလာတိုင်း သူကိုယ်သူ မီးခွန်းထုတ်လေဟိ၏။ `မလိုအပ်သောအရာကို ဆက်လုပ်နီခြင်းသည် အချိန်ကုန်ခံ၍ အချိန်ကိုဖြုန်းတီးနီခြင်းသာဖြစ်၏‘ ဟုလည်းဆိုလိုက်၏။

ရာသီဥတု၏ ပြောင်လှဲ့မှုကြောင့် မိုးဥတုသည် အလှည့်ကျဝင်ရောက်လာ၏။ ခွီးချေသည် မိုးရီစိုစွပ်ခြင်း၊ ပထ၀ီမြီကြီးများစွပ်စို၍ အိပ်စရာနီရာမဟိခြင်း၊ လီအီးတိုက်ခပ်မှုဒါဏ်များကို မခုခံနိုင်၍ ရွာဦးဘုန်းကြီးကျောင်းကို ကပ်ခိုရန်ဆိုက်ရောက်လာ၏။ ကျောင်းအိပ်၊ ကျောင်းစား၊ ကျောင်းနီခွီးငယ်များက ‘ခွီးငပျင်း…နီရာအတည်တကျလည်းမဟိ၊ ရွင့်ဂျာ…ငပျင်း၊ ဂေါင်း…ဂေါင်း…ဂေါင်း..။‘ ဟောင်၍ မောင်းထုတ်လိုက်ကြ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

စားဖိုမှုးနှင့် ခွီးသူငယ်

အခါတပါး၌ သန်းကြွယ်သဋ္ဌေးတဦးသည် အလွန်ကြီးကျယ်ခန်းနားသော ပွဲလန်းသဘင်တခု ကျင်းပလီ၏။ ထိုပွဲလန်းသဘင်သို့ သူ၏မိတ်ဆွေငယ်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဂုဏ်ရည်တူ သဋ္ဌေးကြီးများကိုလည်း ဖိတ်ကြားထား၏။ သန်းကြွယ်သဋ္ဌေးကြီး၌ အလွန်လိမ်မာပါးနပ်သော၊ သခင်အလိုကျသစ္စာစောင့်ထိမ်းသော ခွီးငယ်တကောင်ဟိ၏။

ထိုခွီးငယ်ကလည်း စားကြွင်းသောက်ကျန်များအား လာရောက်စားသောက်ကြည်ရန် သူ၏မိတ်ဆွေ ခွီးသူငယ်ချင်းများကို ဖိတ်ကြားထား၏။ သူ၏မိတ်ဆွေခွီးသူငယ်များအားလုံး စားကြွင်းသောက်ကျန်းများ စားသောက်ရန် စွန့်ပစ်ရာဘယ်လက်ခေါင်နောက်သို့ စုရုံးလာကြ၏။

ခွီးသူငယ်သည် ဘယ်လက်ခေါင်ပြတင်းပေါက်မှပျော၍ စုရုံးနီကြသောသူ၏ ခွီးသူငယ်ချင်းများအား ‘ကိုယ်ပင်ရို့၏ကြွရောက်လာခြင်းကို အလွန်ဝမ်းမြောက်စွာ ကြိုဆိုပါ၏။ အေနိသည် အကျွန်ုပ်အတွက် အလွန်ပျော်စရာကောင်းသောနိထူးနိမြတ် ဖြစ်ပါ၏။ များမကြာခင် စားကြွင်းသောက်ကျန်များကို
အောက်သို့ဝေးပစ်မည် ဖြစ်ပါ၏။ မိတ်ဆွေအပေါင်းရို့ အားရပါးရသုံးဆောင်ကြပါ’ ဟုသူ၏ပိတုံးကိုလှုပ်ယမ်း၍ ကြွားဝါစွာ အော်ပြောလိုက်ပြီးနောက် ခွီးငယ်သည်လောင်ပွန်း၊ အိုး၊ ခွက်များ၌တင်ကျန်နီသော စားကြွင်း သောက်ကျန်များအား လောဘတကြီးကျုံးစားလီ၏။

လောင်ပွန်း၊ အိုး၊ ခွက်များ၌ ခွီးခြီရာများ ကျား၍ပေါ်နီသည်ကို မြင်ရသောစားဖိုမှုးသည် အလွန်ဒေါသထွက်လာ၏။ ပြတင်းပေါက်နားက ပိတုံးတလှုပ်လှုပ်ကျုံးစားနီသော ခွီးငယ်ကို စားဖိုမှုးသည် ခြီဖနှောင့်ဖြင့် ဘေးစကိုကျောက်ချလိုက်၏။ ခွီးငယ်သည် ပထ၀ီမြီကြီးသို့ ဖုန်တထောင်းထောင်းထလာအောင် ပြုတ်ကျလားရ၏။ သူအလွန်နာကြင်လားပြီး တဂိန်ဂိန်မြည်လျှက်၊ ကျီးထောက်ကျီးထောက်ဖြင့် အိမ်ဂြောက်သို့ဝင်လားလီ၏။ သူ၏ခွီးမိတ်ဆွေသူငယ်ချင်းများ အနားသို့ဝိုင်းအုံလာကြပြီး ‘ဇာပိုင်လဲ…..အဆွေ၊ စားရသောက်ရ ကောင်းယင့်လား၊ အရသာတွိယင့်လား’ ဟု မီးမြန်းကြ၏။ ခွီးသူငယ်သည် မရှက်မျက်နှာဖြင့် ‘၀ိုင်သောက်စွာ ကောင်းကောင်းများလားရေ၊ တခုကိုလည်းမမှတ်မိလိုက်ဗျာ။ ပြတင်းပေါက်က ပြုတ်ကျလားစွာကိုတောင် မသိလိုက်….အဆွေ’ ဟု ပြန်ဖြေလိုက်၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီး၊ ကြက်ဖက်ကြီးနှင့် တောခွီး

ရှိသရောအခါ ကြက်ဖက်ကြီးတကောင်နှင့် ခွီးတကောင်သည် အလွန်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြ၏။ တရက်သောအခါ ခွီးနှင့်ကြက်ဖက်ကြီးရို့ ခရီးလားရန် သဘောတူလိုက်ကြ၏။ ခရီးလမ်းတခု၌ နီမှောင်လာ၍ ထူထပ်သောတောအုပ်ကြီးတခု၌ ညဥ့်အိပ်ကြ၏။ ကြက်ဖက်ကြီးသည် သစ်ပင်မြင့်ထက်တက်၍ သစ်ကိုင်းတခုမှာ အိပ်ရာယူလိုက်၏။ ကြက်ဖက်ကြီး၏မိတ်ဆွေဖြစ်သူ ခွီးသည် ၄င်းသစ်ပင်၏ အခေါင်း၌ ၀င်အိပ်လိုက်၏။ မိုးလင်းအာရုံရောင်နီသန်းလာသောအခါ ကြက်ရို့၏သဘ၀အလျှောက် ကြက်ဖက်ကြီးသည် “အီကရီး……အီး…၊ အီကရီး……အီး…၊ အီကရီး……အီး…” ဟု သုံးကြိမ်ကျယ်လောင်စွာတွန်လိုက်၏။

ထိုကြက်တွန်သံကိုကြားရသော တောခွီးတကောင်သည် ကြက်ဖက်ကြီးနှင့်ခွီးရို့အိပ်နီသော သစ်ပင်အောက်သို့ ရောက်လာ၏။ တောခွီးသည် ကြက်ဖက်ကြီးအား စားချင်လွန်၍ လျှာရည်သိမ်းနီ၏။ “အေလောက်သာယာ နာပျော်ဖွယ်ကောင်းသော အသံပိုင်သျှင် အဆွေကြက်ဖက်ကြီးအား အာရုံဦးရောင်နီအောက်၌ ဆန္ဒပြင်းပြစွာ အဆွေခင်ပွန်း လုပ်ချင်၍ အေသစ်ပင်အောက်သို့ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏။ လက်ဆွဲနှုတ်ဆက်၊ လိုင်ချင်းဖက်၍ မိတ်ဖြစ်ဆွေဖြစ် ပွဲလမ်းသဘင်ကျင်းပကတ်မည် အဆွေကြက်ဖက်ကြီး၊ ဆင်းလာလတ်ပါ။” ဟု တောခွီးသည် မာယာပရိယာယ်ကြွယ်စွာဆွဲဆောင်ခေါ်ချလိုက်၏။

ကြက်ဖက်ကြီးသည် တောခွီး၏ ကြွယ်ဝသောပရိယာယ်ကို သံသဖြစ်မိ၏။ အဆွေတောခွီး ကိုယ်ပင်၏ ဖော်ရွယ်သောစေတနာအား အကျွန်ုပ်အသိအမှတ်ပြုပါ၏။ အေလောက်လှပသော အာရုံဦးရောင်နီအောက်မှာ အဆွေတောခွီးနှင့် မိတ်ဆွေပြုရခြင်းကား အလွန်မင်္ဂလာဟိပါ၏။ အကျွန်ုပ်အောက်သို့ဆင်းလာနိုင်ရန် သစ်ပင်အောက်၌အိပ်နီသော အကျွန်ုပ်၏ ကူလီအားနှိုးလိုက်ပါ။ သူသည် သစ်ပင်ခြီရင်းက သစ်ခေါင်းမှာအိပ်နီပါ၏။ သူလည်းအကျွန်ုပ်ကဲ့သို့ အလွန်စိတ်သဘောထားကောင်းပါ၏။” ဟု နားဝင်ချိုသော စကားကို ပြန်ဆိုလိုက်၏။

တောခွီးသည် သစ်ပင်အောက်မှ သစ်ခေါင်းနားသို့ကပ်လာသောအခါ ခွီးသည်ခုန်၍ ဂုတ်ဆက်ကို ကိုက်ဖမ်းလိုက်ပြီး၊ လမ်းခရီးတလျှောက် ရိက္ခာအဖြစ်ဖြည့်စွက်လိုက်၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

စဥ္ဒရားမင်းခွာနှင့်ကျီးကန်း

တရံရောအခါ စဥ္ဒရားမင်းခွာတကောင်သည် လှိုင်ဂူတခု၌ ပိတ်လှောင်မိခြင်းခံရလီ၏။ အချိန်ကြာမြင့်လာသောအခါ သူသည်သူဥများမှ ပေါက်ပွားလာသော စဥ္ဒရားမင်းခွာငယ်များအား “ငါရို့ခွာအမျိုးအနွယ်သည် ရုပ်ရည်အားဖြင့် အလွန်လှပ၏။ အများသူတကာ ချစ်ခင်လေးစာမှုကိုရဟိ၏။ ငှက်တကာငှက်ထဲမှာ ချစ်စနိုးငှက်အဖြစ် သတ်မှတ်ခြင်းခံရ၏။ လူ့ရပ်လူ့ပြည်အား သာယာသော သဘာာဝပါတ်ဝန်းကျင်ကို ဖြစ်ထွန်းစီ၏။ ထို့ကြောင် ရခိုင်ဘုရင်စဥ္ဒရားမင်းကြီးကိုယ်တိုင် ငါရို့ခွာအမျိုးအနွယ်ကို ဖီးမဲ့ပီးခသည့်နိကစ၍ လူ့လောကတခုလုံးက ငြိမ်းချမ်းရေးငှက်အဖြစ် ခေါ်ဝါတင်စားကြ၏။” ဟု နိစိုင်ရက်ဆက် ဂုဏ်ယူဝံ့ကြွားစွာ ပြောပြနီ၏။

ထိုစဥ္ဒရားမင်းခွာ၏ ဂုဏ်ယူဝံ့ကြွားပြောဆိုသံကိုကြားရသော ကျီးကန်းသည် “ချစ်စွာသော အဆွေစဥ္ဒရားမင်းခွာ အချိန်ကာလနှင့် မသင့်လျှော်သော ဂုဏ်ယူဝံ့ကြွားမှုကို ရပ်နားလိုက်ပါ။ မြောက်များစွာသော အဆွေ၏မိသားနှင့်အတူ ကြီးမားသော သောကဝေဒနာကိုခံစားယင်း အဆွေ၏မိသားစုဝင် စဥ္ဒရားမင်းခွာငယ်များအား ဤထောင်တွင်း၌ ပိတ်ဆို့ခြင်းခံရမှုကို ဆက်လက်တွိမြင်နီရပါလိမ္မည်။ အတိတ်ကအဖြစ်အပျက်ကို ပီတိခံကြွားဝါနီမည်အစား လက်ဟိလုပ်သင့်လုပ်ထိုက်သော အလုပ်ကိုလုပ်ခြင်းဖြင့် အတိုင်းအဆမဲ့လွတ်လပ်မှု အာကာသဟင်းလင်းပြင်၌ အဆွေ၏ နောင်လာနောင်သားများ လွတ်လပ်စွာပျံသန်း ပျော်ပါနီမှုကို တွိမြင်ရပါလိမ္မည်။” ဟု ပြောဆို၍ လှိုင်ဂူနားမှ ပျံထွက်လား၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ဝံလက်နှင်မြှား

တရက်သောအခါ မြှားပစ်သံကိုကြားရသော ၀ံလက်ငှက်ကြီးတကောင်သည် ပြင်းထန်သောလီထုကိုဖြတ်၍ အာကာသဟင်းလင်းပြင်ထက် တဟုန်ထိုးပျံတက်လီ၏။ သီလောက်သောဒါဏ်ရာဝေဒနာကို ခံစားနီရ၏။
ဝံလက်ငှက်ကြီးသည် ဒါဏ်ရာဒါဏ်ချက်နှင့်အတူ ပထ၀ီမြီကြီးသို့ တဖြည်းဖြည်းပျံဝဲ ဆင်းသက်လာ၏။ မြှားဒါဏ်ရာမှ သွီးများယိုထွက်စီးဆင်းနီ၏။

ပျံဝဲဆင်းသက်လာယင်း မြှားဒါဏ်ရှာနှင့်မြှားကို တချက်စိုက်ကြည့်လိုက်၏။ မြှားတံရိုး၌ တန်းဆာဆင်ထားသော ငှက်မွှီးများမှာ သူ၏ကိုယ်ခန္ဓာမှ ငှက်မွှီးညှင်းများဖြစ်နီသည်ကို တွိလိုက်ရ၍ “အို…..ငါ့ကိုယ်ခန္ဓာက ငှက်တောင်မွှီးညှင်း၊ ငါ့ရင်တွင်းကိုထိုးဖေါက်၊ ငါ့အသက်ကိုပျောက်စီပါ၏လား” ၀ံလက်ငှက်ကြီး နောင်တကြီးစွာ ရလီ၏။

မိမိ၏ယိုယွင်းပျက်စီးမှု အားနည်းချက်များကို ရန်သူထံသို့စွန့်ကြဲခြင်းသည် မိမိအားကျဆုံးစီ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ပုရွက်ဆိတ်နှင့်စဥ္ဒရားမင်းခွာ

ပုရွက်ဆိတ်တကောင်သည် ရီသောက်ရန်ချောင်းကမ်းနားတခုသို့ ထွက်လာ၏။ သူသည်ခြီလျှော်၍ ချောင်းထဲသို့ လိမ့်ကျလားပြီး ချောင်းကြောတလျှောက် မျှောပါလာ၏။ ပုရွက်ဆိတ်သည် လှိုင်းလုံးများကြား နစ်မြုတ်လိုက်၊ ပြန်ပေါ်လိုက်နှင့် သူ၏အသက်ကို ကယ်တင်ရန် ရုန်းကန်နီရ၏။ ထိုအဖြစ်အပျက်ကို မြင်သောစဥ္ဒရားမင်းခွာသည် အလွန်သနားလာမိ၍ သစ်ခက်ငယ်တခုကို ပုရွက်ဆိတ်အနားသို့ ပစ်ချလိုက်၏။ သစ်ခက်ငယ်အား ကပ်ခိုလျက် ပုရွက်ဆိတ်သည် ချောင်းတဖက်ကမ်းသို့ ဆိုက်ရောက်နိုင်ခလီ၏။

များမကြာခင် ချောင်းကမ်းနားတ၀ိုက် ကျင်လည်ကျက်စားနီသော စဥ္ဒရားမင်းခွာအား မုတ်ဆိုးကြီးတဦးသည် လီသနပ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်နီသည်ကို ပုရွက်ဆိတ်တွိမြင်လီ၏။ ပုရွက်ဆိတ်ငယ်သည် မုတ်ဆိုးခြီဖနှောင့်ကို ကိုက်လိုက်သောအခါ မုတ်ဆိုး၏ပစ်မှတ်လွဲ၍ စဥ္ဒရားမင်းခွာ အသက်သီဘေးအန္တရာယ်မှ လွတ်ကင်းရလီ၏။

မဖြစ်စလောက်သော ကောင်းကျိုးသည်လည်း ဧရာမကြီးမားသော ကောင်းကျိုးကိုဖြစ်ထွန်းစီ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

လင်းလျှူ၊ ဝေလငါးနှင့် ငါးသလောက်

တရံရောအခါ လင်းလျှူနှင့် ဝေလငါးများကြား၌ ပြင်းထန်သောစစ်ပွဲတခုဖြစ်ပွား၏။ စစ်ပွဲအသျှိန်အဟုန် ပြင်းထန်လာသောအခါ ငါးသလောက်တကောင်သည် လှိုင်းလုံးကြီးများကြားမှ ခုန်ထွက်လာပြီး “ကိုယ်ပင်ရို့၏ စစ်ပွဲကြောင်း အပြစ်မဲ့ပြည်သူများ အဆမတန်သီကြီပျက်စီး၊ ဆုံးယှုံးကြရပါ၏။ ပြည်သူရို့ပိုင်ဆိုင်သော အိုးအိမ်လယ်ယာများလည်း ပျက်စီးကြရကုန်၏။ အကယ်၍ ကိုယ်ပင်ရို့နှစ်ဦးနှစ်ဖက်ရာ အကျွန်ုပ်အား ခုန်ထိုင်လူကြီးအဖြစ်လက်ခံပါမည်ဆိုလျှင် သင်ရို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် အကျွန်ုပ်ဆောင်ရွက်ပီးပါမည်။” ဟု ကတိစကား ဆိုလိုက်၏။

“အကျွန်ုပ်ရို့စစ်ပွဲ၌ အသင်ငါးသလောက်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင် ဆောင်ရွက်မည်ကို လက်ခံမည့်အစား အေစစ်ပွဲအတွင်း တဖက်နှင့်တဖက် အမျိုးပြုံးအောင် ဆက်တိုက်ပါမည် အဆွေငါးသလောက်ကြီး။” ဟု လင်းလျှူနှင့် ဝေလငါးများက တပြိုင်တည်း ပြန်ဖြေလိုက်၏။

ကိုယ်နန့်မဆိုင်ကေ ဘေးထိုင်ပါ။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik