Sunday, June 28, 2009

ကျီးကန်းမိုက်

အခါတပါး၌ ကျီးကန်းတကောင်သည် ပေါင်မုန့်ဖုတ်စက်ရုံမှ ပေါင်မုန့်တချပ်ကိုက်ချီလာ၏။ ၀မ်းသာဝမ်းမြောက် စွာဖြင့် ပေါင်မုန့်စားရန်သစ်ပင်တပင်ထက်၌ နားနီစိုင်၊ ကျီးကန်းနားနီသော သစ်ပင်အောက်သို့ ကောက်ကျစ် စဉ်းလဲသော တောခွီးတကောင်ရောက်လာ၏။ ‘အဆွေကျီးကန်း သင်ကားအလွန်လှပ၏။ သင့်အသံလည်း ပျားရည်ကဲ့သို့ သာယာချိုမြ၏။ ပဇါကြောင့် သာခြင်းမဆိုပါသနည်း။ အဆွေ၏သာယာချိုမြသော သာခြင်းသံကို နာကြားလို၍ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏။‘ ဟု မြှောက်ပင့်ပြောဆိုလိုက်သည်။ ကျီးကန်းသည် တောခွီး၏မြှောက် ပင့်သံကိုကြားရသောအခါ အလွန်ဝမ်းမြောက်ပီတိဖြစ်လာ၏။ အလွန်ကြည်နူးကျေနပ်လာ၏။ အားရပါးရ သာခြင်းဆိုရန် နှသွီးကိုဖွင့်ဟလိုက်သောအခါ ကိုက်ထားသောပေါင်မုန့်သည် အောက်သို့ပြုတ်ကျလား၏။ တောခွီးသည်ပြုတ်ကျလာသော ပေါင်မုန့်ကိုခုန်၍ဖမ်းကိုက်လျှက် တောထဲသို့ဝင်ပြီးလားလီ၏။

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment