Tuesday, June 30, 2009

လယ်သမားကြီးနှင့် မြွီသူငယ်

တခုသောဆောင်ရာသီ၌ လယ်သမားကြီးတဦးသည် အလွန်ချမ်းအီးနီသော ရီခဲပြင်ထက်၌ ခွီလျှက်ဝပ်နီသော မြွီငယ်တကောင်အားတွိ့လီ၏။ လယ်သမားကြီးသည် အလွန်သနားဂရုနာ သက်ရောက်လာပြီး မြွီကိုကောက်ယူကာ သူ၏အနွီးထည်ဆောင်းဝတ်အင်္ကျီအိပ်မှာ ထည့်ထားလိုက်၏။

လယ်သမားကြီးကိုယ်ခန္ဓာ၏ နွီးထွေးမှု၊ ဆောင်းဝတ်အင်္ကျီ၏ လီလုံမှုများကြောင့် မြွီငယ်သည် ပြန်လည်သက်ဝင်လှုပ်ယှားလာ၏။ မြွီရို့၏သဘာဝအလျှောက် လယ်သမားကြီးအား ပေါက်ကိုက်လိုက်၏။ လယ်သမားကြီး၏ ကိုယ်ခန္ဓာတခုလုံး အဆိပ်ပြန့်ဝင်၍ ချက်ချင်ညိုမဲ့လာ၏။ လယ်သမားကြီးသည် အလွန်ကြောက်စိတ်ဝင်လာပြီး သူ၏ထွက်သက်နှင့်အတူ ‘ရန်သူကို ခါးဗိုက်မှာထည့်၍ သနားဂရုနာသက်မိခြင်းသည် အလွန်မိုက်မဲလီစွ၊ မှားလီစွ’ ဟု အော်ဟစ်မြည်တွန်လျက် ကြောက်ကြီးသာန်ဖက်ကျကာ ဘ၀တပါးသို့ ပြောင်းလားရလီ၏။



Aesop fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
(Glada Hudik)

No comments:

Post a Comment