Sunday, June 28, 2009

ခြင်္သေ့အိုနှင့်ယုန်သူငယ်

အယင့်အယင်ခေါက်ကခါ အလွန်အိုမင်းသော ခြင်္သေ့အိုကြီးတကောင်သည် ကျောက်ဂူခေါင်းတခုအတွင်း နီထိုင်၏။ ခြင်္သေ့အိုကြီး၏ခြီလက်များသည် တုံတုံယင်ယင်ဖြစ်လာ၏။ တဖြည်းဖြည်းဂျီသုဉ်းလာ၏။ သူသည် သားရဲတရိစ္ဆှာန်များအား ဖမ်းမစားနိုင်၍ ကြုံလှီလာ၏။

ခြင်္သေ့အိုကြီးသည် ကျောက်ဂူခေါင်းမှထွက်လျှက် သားကောင်များအား သူအနားသို့လာကြရန် ဖိတ်ခေါ်လိုက်၏။ ‘အဆွေသားရဲတရိစ္ဆှာန်အပေါင်းရို့ အကျွန်ုပ်သည် အလွန်အိုမင်းမစွမ်းရောက်နီပါ၏။ တယောက်တည်း ဤကျောက်ဂူခေါင်း၌ အထီးကျန်ဘ၀ဖြစ်နီရပါ၏။ အလာဘ၊ သလာဘပြောဆိုရန်လည်း တစုံတယောက်မှ မဟိပါ။ အကျွန်ုပ်တဘ၀လုံး တွိကြုံခရသောအဖြစ်အပျက်များ၊ ၀တ္ထုပုံပြင်များပြောပြပါမည်။ လာရောက်နားထောင်ကတ်ပါ အဆွေသားရဲတရိစ္ဆာန်အပေါင်းရို့’ ဟုဖိတ်ခေါ်လိုက်၏။

သားရဲတရိစ္ဆာန်များသည် သူရို့အားဖမ်းမစားနိုင်ဟုထင်မှတ်ပြီး ခြင်္သေ့အိုကြီး၏ဘ၀အတွိအကြုံ ၀တ္ထုပုံပြင်များနားထောင်ရန် စုရုံးရောက်လာ၏။ ခြင်္သေ့အိုကြီးသည် သူ၏၀တ္ထုပုံပြင်များအား လာနားထောင်သော သားရဲတရိစ္ဆာန်များအိပ်မောကျလာတိုင်း ဖမ်းယူစားသောက်လေ့ဟိ၏၊ သို့ဖြင့် သားရဲတရိစ္ဆာန်များ သူ၏ကျောက်ဂူတ၀ိုက်၌ တဖြည်းဖြည်းပြုန်းတီးယှားပါးလာ၏။

တရက်နိသောအခါ ယုန်သူငယ်တကောင်သည် ခြင်္သေ့အိုကြီးကျောက်ဂူနားသို့ ရောက်လာ၏။ သူသည်
မနီးမ၀ီးမှရပ်လျှက် ‘အဆွေခြင်္သေ့အိုကြီး ကောင်းကောင်း နီမကောင်းဖြစ်နီရေလို့ ကြားရပါ၏။ ပဇာအခြေအနေ ဟိပါရေလဲ။ သက်သာပါယင့်လား’ ဟု သတင်းစကားမီးလိုက်၏။

‘အဆွေယုန်သူငယ် အနားကိုတိုးလာပါ။ အကျွန်ုပ်စကားကျယ်ကျယ်ပြောရန် မစွမ်းနိုင်လောက်အောင် ဖြစ်နီပါ၏။ မသီခင် မှာစရာ၊ ပြောစရာစကားများကို ပြောပြထားခချင်ပါ၏။ အနားကပ်နားထောင်ပါအဆွေ’ ဟု ခြင်္သေ့အိုကြီးက မာယာပရိယာယ်ဆင်လိုက်၏။

‘ရာပေါင်းများစွာသော သားရဲတရိစ္ဆာန်ခြီရာ၊ ခြီသည်းများသည် သင်၏လှိုင်ဂူခေါင်းထဲသို့ ၀င်ကြသည်ကို တွိရပါ၏။ သို့သော် ၄င်းသားရဲတရိစ္ဆာန်များ၏ ပြန်ထွက်လာသော ခြီရာ၊ ခြီသည်းများကိုကား အကျွန်ုပ်မတွိရပါ။ ဤကား အလွန်ထူးဆန်းနီပါ၏ အဆွေခြင်္သေကြီး’ ဟု ပြောဆိုပြီး ယုန်သူငယ်သည် ထိုကျောက်ဂူနားမှ ပြန်လှည့်ထွက်လားလီ၏။

သူတပါရို့၏ အတိတ်ကအမှားကို ပစ္စုပ္ပန်မှာ သင်၏ဘ၀အတွက် အရေးကြီးသော သင်္ခန်းစာအဖြစ် သင်ယူမှတ်သားပါ။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (
ချောင်းသာကြီး)

No comments:

Post a Comment