Tuesday, June 30, 2009

လင်းလျှူ၊ ဝေလငါးနှင့် ငါးသလောက်

တရံရောအခါ လင်းလျှူနှင့် ဝေလငါးများကြား၌ ပြင်းထန်သောစစ်ပွဲတခုဖြစ်ပွား၏။ စစ်ပွဲအသျှိန်အဟုန် ပြင်းထန်လာသောအခါ ငါးသလောက်တကောင်သည် လှိုင်းလုံးကြီးများကြားမှ ခုန်ထွက်လာပြီး “ကိုယ်ပင်ရို့၏ စစ်ပွဲကြောင်း အပြစ်မဲ့ပြည်သူများ အဆမတန်သီကြီပျက်စီး၊ ဆုံးယှုံးကြရပါ၏။ ပြည်သူရို့ပိုင်ဆိုင်သော အိုးအိမ်လယ်ယာများလည်း ပျက်စီးကြရကုန်၏။ အကယ်၍ ကိုယ်ပင်ရို့နှစ်ဦးနှစ်ဖက်ရာ အကျွန်ုပ်အား ခုန်ထိုင်လူကြီးအဖြစ်လက်ခံပါမည်ဆိုလျှင် သင်ရို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် အကျွန်ုပ်ဆောင်ရွက်ပီးပါမည်။” ဟု ကတိစကား ဆိုလိုက်၏။

“အကျွန်ုပ်ရို့စစ်ပွဲ၌ အသင်ငါးသလောက်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင် ဆောင်ရွက်မည်ကို လက်ခံမည့်အစား အေစစ်ပွဲအတွင်း တဖက်နှင့်တဖက် အမျိုးပြုံးအောင် ဆက်တိုက်ပါမည် အဆွေငါးသလောက်ကြီး။” ဟု လင်းလျှူနှင့် ဝေလငါးများက တပြိုင်တည်း ပြန်ဖြေလိုက်၏။

ကိုယ်နန့်မဆိုင်ကေ ဘေးထိုင်ပါ။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

No comments:

Post a Comment