Sunday, June 28, 2009

ကြက်ဖက်ကြီးနှင့်ခဲဝါ

တရံရောအခါ နွီရာသီညဇာခြင်းတခု၌ ကြက်ဖက်ကြီးတကောင်သည် သူ၏နောက်လိုက်ကြက်များကို အိပ်တန်းတက်ရန် ဆော်သြလိုက်၏။ ‘အဆွေ ကြက်အပေါင်းရို့ သစ်ဖျားတင်နီလုံးကြီး၏ရောင်ခြည်သည် တဖြည်းဖြည်းညှိုးမှိန်လာ၏။ အန္တရာယ်ဟူသမျှကို အကျွန်ုပ်စောင့်ယှောက်ကာကွယ်ပီးပါမည်။ စိုးရိမ်ကြောင်းကြကင်းမဲ့စွာ အိပ်ပျော်နိုင်ကတ်ပါစီ။’ ဟု အားပီးစကားပြောဆိုလိုက်၏။

ကြက်ဖက်ကြီးသည် သူ၏တောင်ဖံကြား၌ဂေါင်းထိုးလျှက် အိပ်မောကျနီသော်လည်း သစ်ပင်အောက်သို့ ခဲဝါတကောင်ရောက်လာသည်ကို သတိပြုမိလိုက်၏။ ခဲဝါသည် သစ်ပင်ထက်၌ ကြက်ဖက်ကြီးနှင့်အတူ အိပ်ပျော်နီသောကြက်တအုပ်ကိုမြင်ရ၍ လျှာရည်ယိုနီ၏။

‘အဆွေ……ကြက်ဖက်ကြီး သတင်းကောင်းတခုကြားပါယင့်လား’ ဟု ခဲဝါမှ မီးလိုက်၏။

‘ပဇာသတင်းကောင်းလဲ အဆွေခဲဝါ’ ဟု ကြက်ဖက်ကြီးက ပြန်မီး၏။

‘ငြိမ်းချမ်းရေး……အဆွေ……ငြိမ်းချမ်းရေး။ တရိစ္ဆာန်အားလုံး တဦးကိုတဦးလိုက်ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းယူစားသောက်ခြင်းမပြုရ။ တရိစ္ဆာန်အားလုံး ညီရင်းအစ်ကို၊ မောင်နှစ်မ၊ မိတ်ဆွေခင်ပွန်းအဖြစ် အီးချမ်းစွာနီထိုင်ရန် ငြိမ်းချမ်းရေးစာချုပ်ရွီးထိုးလိုက်ကြပါ၏။ အကျွန်ုပ်ရို့တရိစ္ဆာန်လောကကြီးသည် အလွန်ပျော်စရာကောင်းသော ဥယာဉ်တခုဖြစ်ပါ၏’ ဟု ခဲဝါမှယှင်းပြ၏။

‘အကယ်၍ သင်ပြောစကားမှန်ပါက အလွန်ဝမ်းမြောက်ပါ၏အဆွေခဲဝါ။ အကျွန်ုပ်ရို့တရိစ္ဆာန်အချင်းချင်း ငြိမ်းချမ်းရေးရယူသင့်ပါ၏’ ဟု ကြက်ဖကြီးမှ ပြန်ဖြေ၏။

‘အကျွန်ုပ်အတွက်ကား ဤနိသည် ဘ၀တွင်အပျော်ရွှင်ဆုံးနိတနိဖြစ်ပါ၏။ ထို့ကြောင်း အဆွေကြက်အပေါင်းရို့အား လက်ဆွဲနှုတ်ဆက်လိုပါ၏။ အဆွေကြက်ဖက်ကြီးရို့ အောက်သို့ဆင်းလာကတ်ပါ။ ယုံယုံကြည်ကြည်ဖြင့် မိတ်သဟာယပွဲလမ်းသဘင်ကျင့်ပကြရန် မင်္ဂလာအချိန်အခါဖြစ်ပါ၏’ ဟု ခဲဝါကလှုံ့ဆော်လိုက်၏။

‘အကျွန်ုပ်လည်း အဆွေခဲဝါကဲ့သို့ ထပ်တူထပ်မျှပျော်ရွှင်ပါ၏။ သို့သော် အကျွန်ုပ်ရို့ကျင့်ပသော ပွဲလမ်းသဘင်ကြီးသို့တက်ရောက်ရန် ရွာစွန်နားမှ ခွီးနှစ်ကောင်လည်းလာနီပါ၏။ ဤနိသည်လည်း သူရို့အတွက် အပျော်ရွှင်ဆုံးနိကောင်းနိမြတ်ဖြစ်ပါလိမ္မည်။’ ဟု ကြက်ဖက်ကြီးသည် အ၀ီးသို့လှမ်းကြည့်၍ ပြန်ဖြေလိုက်၏။

ကြက်ဖက်ကြီးပြန်ဖြေသောစကားကိုကြားရသောအခါ ခဲဝါသည် နားရွက်ထောင်လျှက်ကြောက်ကြီးသန်ဖက် ထိုသစ်ပင်အောက်မှ ထွက်ပြီးလားလီ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment