“အကယ်၍ နီရာကောင်း၊ အလုပ်ကောင်းရာရမည်ဆိုပါက အကျွန်ုပ် ညီတော်မောင်နှင့်အတူ အလုပ်လုပ်ချင်ပါ၏” ဟု ၀ံပုလွယ်စိတ်ဝင်စားစွာ ပြန်ဖြေလိုက်၏
“အကျွန်ုပ်နှင့်အတူလိုက်လတ်ပါ။ အကျွန်ုပ်၏သခင်သည် အလွန်စိတ်ကောင်းပါ၏။ အစ်ကိုကြီးရာ အကျွန်ုပ်နှင့်အတူ ရိုးသားစွာအလုပ်လုပ်လိုပါက အလွယ်တကူရနိုင်ပါ၏” ဟု ပီယ၀ါစာစကားဆိုလိုက်၏။
ဝံပုလွယ်နှင့်ခွီးညီအစ်ကိုနှစ်ယောက်သည် အလုပ်လျှောက်ရန် မြို့ထက်သို့တက်လာ၏။ လမ်းခုလပ်၌ ၀ံပုလွယ်သည် ညီဖြစ်သူခွီးငယ်၏ လိုင်ပင်းကိုသတိထား စိုက်ကြည့်မိ၏။ အမွှီးအမျှင်များကျွတ်ကျလျှက် အနာဖီးဝပ်၍ အသားပို့တက်နီသောဒါဏ်ရာဒါဏ်ချက်များကို တွိလိုက်ရသောအခါ “ညီတော်မောင်၏ လိုင်ပင်းက ပဇာကြောင်း အနာဖီးတသောသောနှင့် အသားပို့တက်နီရပါသနည်း” ဟု စုံစမ်းမီးမြန်းလိုက်၏။
“အို……အစ်ကိုကြီး… အေချင့်ကား တခုလည်းမဟုတ်ပါ။ အကျွန်ုပ်၏ သခင်က အကျွန်ုပ်အိပ်ရာဝင်တိုင်း ကြိုးဖြင့်ချိုင်နှောင်ထားရန် လိုင်ပတ်စည်းထားသော အရှာဖြစ်ပါ၏။ များမကြာခင် နောက်တယောက်လည်း ယားကျိကျိအမာရွက်များကို ဆက်ခံခါနီးနီပါ၏။” ဟု ခွီးငယ်သည် မရိတရိပြုံးလျှက် ပြန်ဖြေလိုက်၏။
“အေလောက်ဆို လုံလောက်ပါ၏။ မစခင် မင်္ဂလာဟိစွာဖြင့် လမ်းခွဲလိုက်ကတ်ပါမည် သခင်ကြီးညီတော်မောင်” ဟုပြောဆိုပြီးလျှင် ၀ံပုလွယ်သည် လမ်းခွဲထွက်လားလီ၏။
ဝဖြိုးသောကျွေးကျွန်အဖြစ်နှင့် အသက်ရှင်နီရခြင်းထက် လွတ်လပ်စွာဘ၀ကို ရုံးကန်ရခြင်းက ပိုမွန်မြတ်၏။
Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik
0 comments:
Post a Comment