Tuesday, June 30, 2009

စားစီလိုသောစေတနာ (၀ါ) ကခြည်သည်မျောက်များ

အခါတပါး၌ နန်းတွင်းမင်းသားတဦးမှာ လေ့ကျင့်ပီးထားသော မျောက်တအုပ်ဟိ၏။ ထိုမျောက်များသည် လူများကဲ့သို့ သရုပ်ဆောင်ကပြတတ်၏။ ဆရာခိုင်းသမျှ လိုက်နာဆောင်ရွက်တတ်၏။ အလှအပဆုံးသော ၀တ်စားဆင်ယင်မှုကို နှစ်သက်တတ်ကြ၏၊ ဂုဏ်ယူတတ်ကြ၏။ တရွာဝင်တရွာထွက်၊ တမြို့ဝင်တမြို့ထွက် ပွဲလန်းသဘင်ကြီးဖြစ်မြောက်အောင်ထိ ကပြဖျော်ဖြေကြ၏။ ပရိတ်ဿတ်များ၏ ကောင်းချီးသြဘာ၊ လက်ခုပ်သံများဖြင့် ချီကျူးမှုမျိုးစုံကို အမြဲပိုင်ဆိုင်ထားသူများဖြစ်ကြ၏။

တရက်နိသောအခါ ရွာတရွာ၌ မျောက်ဇာတ်သဘင်ကြီးသည် ရာမလက္ခဏဇာတ်လမ်းကို ကပြနီစိုင် အချေတယောက်သည် သူ၏ဘောင်းဖီအိပ်ထဲက ပဲတောင့်တဆုပ်ယူ၍ စားစီလိုသောစေတနာဖြင့် စင်မြင့်ထက်သို့ ဝေးတင်လိုက်၏။ ပဲတောက်များကိုမြင်ရသော ကခြည်သည်မျောက်များသည် ဇာတ်ကရန်စိတ်မရောက်နိုင်ဘဲ မျောက်ရို့၏သဘာဝအလျှောက် အငမ်းမရ (ဣနြေ္ဒမရ) ပဲတောင့်များကို လုယက်ကောက်စားကြ၏။ ၀တ်စား ဆင်ယင်ထားသော ဇာတ်ဝတ်တန်ဆာပလာများကို ဆွဲချွတ်ကြ၊ တကောင်နှင့်တကောင် ပဲတောင့်လုစားကြ၊ ခိုက်ရန်ဖြစ်ပွားကြနှင့် လူအုပ်ကြီး၏ သရော်ရယ် ရယ်သံများကြား၌
ရာမလက္ခဏဇာတ်ဝင်ခန်းကြီး မပြီးမပြတ် ဘရုပ်သုံးဆယ်ဖြင့် အဆုံးသတ်လိုက်ရ၏။

‘အရာရာတိုင်းသည် သင်ထင်မြင်ယူဆထားသည့်အတိုင်း အမြဲထာဝရမဟုတ်ပေ။’

Aesop fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment