တရံရောအခါ ကေသာရာဇာခြင်္သေ့မင်းသည် သစ်ပင်တပင်အောက်၌ အိပ်ပျော်နီစိုင် ကြွက်ငယ်တကောင်သည် ခြင်္သေ့၏နှာခေါင်းထက်၌ ပြီးလွှားကဇတ်နီ၏။ ခြင်္သေ့မင်းသည် ရုတ်တရက်နိုးကျလာသောအခါ သူ၏နှာခေါင်းထက်၌ ပြီးလွှားကဇတ်နီသော ကြွက်ငယ်ကိုမြင်ရ၍ အလွန်ဒေါသထွက်လာပြီး ကြွက်ငယ်အား လက်ရဖမ်းလိုက်၏။
ကြွက်ငယ်သည် အလွန်ကြောက်ရွံ့တုန်လှုပ်လား၏။ ‘အို……အဆွေ ကေသာရာဇာခြင်္သေ့မင်ကြီး အကျွန်ုပ်အား သနားသောအားဖြင့် မစားပါနှင့်။ အကျွန်ုပ်အားပြန်လွှတ်ပီးပါ။ အဆွေ၏ကြီးမားသောကျေးဇူးကို တနိပြန်ဆပ်ပီးပါမည်။ အကျွန်ုပ် သစ္စာကတိပြုပါ၏။’ ဟု ကြွက်ငယ်မှဆို၏။
ကေသာရာဇာခြင်္သေ့ကြီးသည် ခယ၀န်ချတောင်းပန်၍ အသနားခံနီသောကြွက်ငယ်အား ‘သင်၏သစ္စာကတိ တည်ပါစီ။’ ဤကဲ့သို့သော အပြုအမူမျိုး နောင်ကိုမလုပ်ရန် ကြိမ်းမောင်း၍ပြန်လွှတ်လိုက်၏။
တရက်သောအခါ ခြင်္သေ့မင်းကြီးသည် အမဲလိုက်နီယင်း မုတ်ဆိုးထောင်ထားသော သံနားပါတ်ကွန်လျှာ၌ ကျလီ၏။ ခြင်္သေ့သည် ရုံးထွက်ရန်ကြိုးစားသော်လည်း မလွတ်မြောက်နိုင်သောကြောင့် ကြောက်လန့်၍ အဆက်မပြတ်ဟိန်းဟောက်နီ၏။ ထိုဟိန်းဟောက်အော်သံကိုကြားရသောကြွက်ငယ်သည် ကေသာရာဇာခြင်္သေ့မင်းကြီး အန္တရာယ်ဆိုက်ရောက်နီသည့်နီရာသို့ အလျှင်မြန်စွာပြီးလာ၏။ ‘အဆွေ…ခြင်္သေ့မင်းကြီး မစိုးရိမ်ပါနှင့်။ အကျွန်ုပ်၏ထက်မြက်သောသွားများဖြင့် သံနားပါတ်ကွန်လျှာမှ လွတ်မြောက်အောင် ကိုက်ဖြတ်ပီးပါမည်’ ဟု ပြောဆိုပြီး ကြွက်ငယ်သည် ကွန်လျှာအား တကွင်းပြီးတကွင်း ကိုက်ဖြတ်လိုက်၏။
ကြွက်ငယ်၏ကူညီမူကြောင်း ကြီးမားသောအန္တရာယ်သံနားပါတ်ကွန်လျှာမှ ကေသာရာဇာခြင်္သေ့မင်းကြီး လွတ်မြောက်ရလီ၏။ ထို့ကြောင့် ခြင်္သေ့သည် ကြွက်ငယ်အား အကောင်းဆုံးမိတ်ဆွေအဖြစ်ပြုလျှက် ထိုတောအုပ်ကြီး၌ အတူတကွနီထိုင်ကြလီ၏။
ငယ်သော်ငြားလည်း ကြီးမားသောစွမ်းရည်ဟိပါ၏၊
မိတ္တာတရားသည် အင်အားထက်တန်ဘိုးကြီးမားပါ၏။
Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
No comments:
Post a Comment