Sunday, June 28, 2009

ဝင့်ဝါသောဥဒေါင်းနှင့်ဂြိုးကြာငှက်ကြီး

တရံရောအခါ တောအုပ်ကြီးတခုအတွင်း ဥဒေါင်းငှက်တကောင်ဟိ၏။ ဥဒေါင်းသည် သူ့ကိုယ်သူ အလွန်လှပသော တရိစ္ဆာန်တကောင်ဖြစ်ကြောင်း၊ သူ၌အလွန်လှပသော ရောင်စုံပတုံးရှည်ကြီး တခုဟိကြောင်း၊ သူ့ခန္ဓာကိုယ်သည် ရောင်စုံမွှီးညှင်းများဖြင့်ပြည့်လျှံနီကြောင်း၊ တခြားသောငှက်များရှိ၌ နီထွက်တိုင်းဟန်ရေးပြလျှက် ၀င့်ဝင့်ဝါ၀ါပြောဆိုလေ့ဟိ၏။

တရက်နိသောအခါ ဂြိုးကြာငှက်ကြီးတကောင်သည် ၄င်းတောအုပ်ကြီးထဲသို့ အစာရှာဆင်းလာ၏။ ဥဒေါင်းသည် ဂြိုးကြာငှက်ကြီးအနားသို့ရောက်လာပြီး၊ သူ၏ရောင်စုံပတုံးရှည်ကြီးအားဖြန့်ထောင်လျှက် သူမည်မျှလှပကြောင်း ဖြတ်လားဖြတ်လာကြွားဝါနီ၏။ သို့သော် ဂြိုးကြာငှက်ကြီးသည် ဥဒေါင်းအားလှည့်မကြည့်နိုင်အား အစာလိုက်ရှာနီရ၏။

ထိုအခါ ဥဒေါင်းငှက်က ‘ဟေး ဂြိုးကြာငှက် ငါ့ကိုတချက်လှည့်ကြည့်ဇမ်၊ ငါ့လောက်လှရေငှက်ကို သင်မြင်ဖူးယင့်လား’ ဟုပြောဆို၏။

ဂြိုးကြာငှက်ကြီးသည် မကြားယောင်ဆောင်၍ အစာကိုရာလိုက်ရှာနီ၏။ ဂြိုးကြာငှက်ကြီး မကြားကွန်ဆောင်နီသည်ကိုမြင်သောအခါ ဥဒေါင်းသည်အလွန်စိတ်ဆိုး၏။

‘ဇာလောက်အရုပ်ဆိုးရေငှက်လဲချင့်၊ နှသွီးနန့်ဥဂေါင်းကလည်းမလိုက်ဖက်။ ခြီတောက်ကရှည်၊ အရောင်ကပြာဟောက်ဟောက်၊ ကောင်းကောင်းအရုပ်ဆိုးရေ’ ဟု ကဲ့ရဲ့ပြောဆိုလိုက်၏။

ကဲ့ရဲ့သံကြားသော်လည်း စကားတခွန်းမပြန်ဘဲ ဂြိုးကြာငှက်ကြီးသည် မိမိဖမ်းမိသောဖါးတကောင်ကို သူ၏လိုင်ခြောင်းအစာအိမ်တွင်းထည့်သွင်းလျှက် ထပျံလား၏။ ထိုနောက် ၀င့်ဝါစွာဟန်ရေးပြနီသော ဥဒေါင်းထက်မှ တ၀ဲလည်လည်ပျံလျှက် ‘အဆွေဥဒေါင်း ပဇောင်ပင်အရုပ်ဆိုးသော်ငြားလည်း အကျွန်ုပ်သည်ကား မိုးသားတိမ်တိုက်ထိတိုင် ပျံသန်းနိုင်ပါ၏။ အဆွေကား အကျွန်ုပ်ကဲ့သို့ ပျံသန်းနိုင်ပါယင့်လား။’ ဟုပြောဆိုလျှက် မိုးကောင်းခင်ထက်သို့ ပျံတက်လားလီ၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment