တရက်သောအခါ ခွီးချေတကောင်သည် သားသတ်ရောင်းသောဆိုင်နား၌ ဆိုင်သျှင်သနားလာအောင် ပတုံးတလှုပ်လှုပ်ဖြင့် အရိုးကြွင်းကျန်များလွှင့်ပစ်ရန် မျှော်ဇပ်ခံနီ၏။ ခွီးချေအား ဆိုင်သျှင်မြင်သောအခါ ၀က်ခြီထောက်အရိုးတချောင်း လှမ်းဝဲပီးလိုက်၏။ ခွီးချေသည် အလွန်ပျော်လား၏။ အမဲရိုးကိုကိုက်ပြီး ခွီးချေသည် ပတုံးထောင်လျှက် သားသတ်ရောင်းဆိုင်နားမှ ပြီးထွက်လာ၏။ အလွန်အရသာဟိသော အမဲရိုးကို ခုနှစ်ရက်တပါတ်စားသောက်ရန်အတွက် သိုလှောင်ထားမည့်နီရာကို စိတ်ကူးယိုင်စိုင်းစားလာယင်း ပေါင်းကူးတန်းထားချေတခုကို ဖြတ်ကျော်လာ၏။
ထိုတန်းထားချေကိုဖြတ်ကျော်နီစိုင် ခွီးချေသည် ရီပြင်ကိုတချက်လှမ်းကြည်လိုက်၏၊ ထိုအခါ ကြိုင်နီသောရီပြင်ထဲ၌ ခွီးကြီးတကောင်သည် အမဲရိုးကြီးတချောင်းကိုကိုက်လျှက် ခွီးချေအား လှမ်းကြည့်နီသည်ကိုတွိရ၏။ ခွီးချေသည် အမဲရိုးကြီးကိုတွိလိုက်ရသောအခါ သတင်းနှစ်ပါတ်စာလောက် စားသောက်ရမည်ဟု လောဘတတ်လာ၏။
ခွီးချေသည် အမဲရိုးကြီးကို လှမ်းကိုက်ရန် နှသွီးကိုဖွင့်လျှက် ရီထဲသို့ခုန်ဆင်းလိုက်၏။ သူ၏နှသွီးမှ ပြုတ်ကျလားသောအမဲရိုးသည် ရီထဲ၌ တဖြည်းဖြည်းမြုတ်ကျလားလီ၏။ ခွီးချေသည် ခွီးကြီးကိုက်ထားသော အမဲရိုးကြီးကိုလိုက်ရှာသော်လည်း မတွိသဖြင့် သူ၏ပတုံးကိုခြီနှစ်ချောင်းကြားတွင်ကုတ်လျှက် စိတ်ညစ်ညစ်ဖြင့် အိမ်ပြန်လာလိုက်ရပါ၏။
လုံလောက်သောအစားအစာသည် စတုတီသာပွဲသဘင်ကြီး၏ဟင်းလျှာထက်ပြည့်စုံ၏။
Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
No comments:
Post a Comment