ဖြားရီပြည့်လာသည်နှင့်အတူ ငါးငယ်များသည်တအုပ်ပြီးတအုပ် ဗျိုင်းဖြူကြီးနားသို့ ရောက်လာ၏။ သို့သော် ဗျိုင်းဖြူကြီးသည် ငါးငယ်များကို အလွန်ငယ်သည်ဟု ယူဆပြီး “အဆာပြေတောင် မလုံလောက်” ဟု ပြောလိုက်၏။ ငါးကြီးကြီးဖမ်းရန် ဆက်၍စောင့်မျှော်နီ၏။
ဖြားရီကျသည်နှင့်အမျှ ငါးငယ်များ ဗျိုင်းဖြူကြီးနားနီသော သောင်ခုံမှ ရီနက်ရာမြစ်ကြောသို့ တဖြည်းဖြည်း ထွက်လားကြလီ၏။ တနားလောက်ကြာသောအခါ ဖြားရီးလည်းခန်း ငါးငယ်များလည်းမြစ်ကြောသို့ ရောက်လားကြကုန်၏။
ဗျိုင်းဖြူကြီးသည် တဖြည်းဖြည်းဂေါင်းချုပ်လာ၏ ဒေါဿထွက်၊ စိတ်တိုလာ၏။ ပဇီပဇာများသော ဗျိုင်းဖြူသည် ငါးကြီးဖမ်းဖို့စောင့်မနီနိုင်ဘဲ အနားဟိရာရီအိုင်ငယ်ထဲဝပ်နီသော ပင်လယ်ပင်ဇွပ်အား ဒေါင်းပြောက်ချေထင်၍ သူ၏နှုတ်သီးရှည်ဖြင့် တောက်ဖမ်းလိုက်သောအခါ နှုတ်သီးကျိုးလုမတက် နာကြင်မှုကိုခံစားလိုက်ရ၏။ နာကြင်မှု၊ ၀မ်းညင်မှုနှင့်အတူ သူ၏အသိုက်သို့ပျံထွက်လားရလီ၏။
“ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ရောက်လာသောအခွင့်အလမ်းကို လက်မလွှတ်ပါနှင့်”
Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik (Sweden)
No comments:
Post a Comment