Tuesday, June 30, 2009

နွားကောင်ပုတ်နှင့်ခွီးသင်းအုပ်

အယင့်အယင်ခေါက်ကခါ ခွီးသင်းတအုပ်သည် မြစ်ကမ်းနားတခုသို့ရောက်လာကြ၏။ မြစ်ကြောတလျှောက်မျှောပါလာသော နွားကောင်ပုတ်တကောင်ကိုမြင်သောအခါ ခွီးများသည် လျှာရည်သိမ်းလာကြ၏။ အလွန်စားချင်လာကြ၏။ သို့သော် နွားကောင်ပုတ်အား လှမ်းစားရန်ကား မဖြစ်နိုင်ပေ။ နွားကောင်ပုတ်ကိုစားနိုင်ရန် ခွီးအုပ်ကြီးသည် အစည်းအဝေးတခုလုပ်ကြလီ၏။ အစည်းအဝေး၌ မြစ်တခုလုံးဟိသော ရီကိုသောက်ပစ်မှ နွားကောင်ပုတ်ကို အလွယ်တကူစားရနိုင်မည်ဖြစ်ကြောင်း သဘောတူကြလီ၏။

မြစ်ရီမခမ်းဘဲ သူရို့၏၀မ်းများပေါက်ကွဲလုမတတ်ဖြစ်လျက် မြစ်ကမ်းထုံး၌ ဘုန်းဘုန်းလဲကျကြလီ၏။

မဖြစ်နိုင်စွာကို အချိန်ကုန်ခံ၍ မကြိုးစားပါနှင့်

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

No comments:

Post a Comment