Tuesday, June 30, 2009

ခွီး၊ ကြက်ဖက်ကြီးနှင့် တောခွီး

ရှိသရောအခါ ကြက်ဖက်ကြီးတကောင်နှင့် ခွီးတကောင်သည် အလွန်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြ၏။ တရက်သောအခါ ခွီးနှင့်ကြက်ဖက်ကြီးရို့ ခရီးလားရန် သဘောတူလိုက်ကြ၏။ ခရီးလမ်းတခု၌ နီမှောင်လာ၍ ထူထပ်သောတောအုပ်ကြီးတခု၌ ညဥ့်အိပ်ကြ၏။ ကြက်ဖက်ကြီးသည် သစ်ပင်မြင့်ထက်တက်၍ သစ်ကိုင်းတခုမှာ အိပ်ရာယူလိုက်၏။ ကြက်ဖက်ကြီး၏မိတ်ဆွေဖြစ်သူ ခွီးသည် ၄င်းသစ်ပင်၏ အခေါင်း၌ ၀င်အိပ်လိုက်၏။ မိုးလင်းအာရုံရောင်နီသန်းလာသောအခါ ကြက်ရို့၏သဘ၀အလျှောက် ကြက်ဖက်ကြီးသည် “အီကရီး……အီး…၊ အီကရီး……အီး…၊ အီကရီး……အီး…” ဟု သုံးကြိမ်ကျယ်လောင်စွာတွန်လိုက်၏။

ထိုကြက်တွန်သံကိုကြားရသော တောခွီးတကောင်သည် ကြက်ဖက်ကြီးနှင့်ခွီးရို့အိပ်နီသော သစ်ပင်အောက်သို့ ရောက်လာ၏။ တောခွီးသည် ကြက်ဖက်ကြီးအား စားချင်လွန်၍ လျှာရည်သိမ်းနီ၏။ “အေလောက်သာယာ နာပျော်ဖွယ်ကောင်းသော အသံပိုင်သျှင် အဆွေကြက်ဖက်ကြီးအား အာရုံဦးရောင်နီအောက်၌ ဆန္ဒပြင်းပြစွာ အဆွေခင်ပွန်း လုပ်ချင်၍ အေသစ်ပင်အောက်သို့ အကျွန်ုပ်လာရခြင်းဖြစ်ပါ၏။ လက်ဆွဲနှုတ်ဆက်၊ လိုင်ချင်းဖက်၍ မိတ်ဖြစ်ဆွေဖြစ် ပွဲလမ်းသဘင်ကျင်းပကတ်မည် အဆွေကြက်ဖက်ကြီး၊ ဆင်းလာလတ်ပါ။” ဟု တောခွီးသည် မာယာပရိယာယ်ကြွယ်စွာဆွဲဆောင်ခေါ်ချလိုက်၏။

ကြက်ဖက်ကြီးသည် တောခွီး၏ ကြွယ်ဝသောပရိယာယ်ကို သံသဖြစ်မိ၏။ အဆွေတောခွီး ကိုယ်ပင်၏ ဖော်ရွယ်သောစေတနာအား အကျွန်ုပ်အသိအမှတ်ပြုပါ၏။ အေလောက်လှပသော အာရုံဦးရောင်နီအောက်မှာ အဆွေတောခွီးနှင့် မိတ်ဆွေပြုရခြင်းကား အလွန်မင်္ဂလာဟိပါ၏။ အကျွန်ုပ်အောက်သို့ဆင်းလာနိုင်ရန် သစ်ပင်အောက်၌အိပ်နီသော အကျွန်ုပ်၏ ကူလီအားနှိုးလိုက်ပါ။ သူသည် သစ်ပင်ခြီရင်းက သစ်ခေါင်းမှာအိပ်နီပါ၏။ သူလည်းအကျွန်ုပ်ကဲ့သို့ အလွန်စိတ်သဘောထားကောင်းပါ၏။” ဟု နားဝင်ချိုသော စကားကို ပြန်ဆိုလိုက်၏။

တောခွီးသည် သစ်ပင်အောက်မှ သစ်ခေါင်းနားသို့ကပ်လာသောအခါ ခွီးသည်ခုန်၍ ဂုတ်ဆက်ကို ကိုက်ဖမ်းလိုက်ပြီး၊ လမ်းခရီးတလျှောက် ရိက္ခာအဖြစ်ဖြည့်စွက်လိုက်၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

No comments:

Post a Comment