Sunday, June 28, 2009

ပြာပင်ကြီးနှင့် လမံပင်များ

ခက်မငါးဖြာနှင့်အလွန်ပြည့်စုံသော ပြာပင်ကြီးတပင်သည် မြစ်ကမ်းနားတခု၌ဟိ၏။ အရိပ်ကောင်း၍ မြစ်ကြောတလျှောက် လားလာကြသောခရီးသည်များအတွက် နားခိုစရာဇရပ်သဖွယ်ဖြစ်နီ၏။ ကျီးငှက်များသည်လည်း တသောင်းသောင်းတဖျဖျ ခိုနားကြ၏။ အလွန်သာယာစဖွယ် ဖြစ်လျှက်ဟိ၏။

ထိုပြာပင်ကြီးနှင်မနီးမ၀ီး မြစ်ကမ်းပါးဟိပြင်ဖြူတခုမှာ လမံပင်များပေါက်ရောက်နီကြ၏။ မိုးကြီးလီပြင်းတိုက်လာတိုင်း လမံပင်များသည် တချဲချဲ ၀မ်းနည်းကြွီကွဲသော သာခြင်းသံဖြင့်
မြီးကြီးဝပ်လုမတတ် ဖြစ်ကြရကုန်၏။ ထို့အဖြစ်အပျက်ကို နိစိုင်ရက်ဆက်မြင်တွိနီရသော ပြာပင်ကြီးသည် လမံပင်များအတွက် အလွန်စိတ်မကောင်းဖြစ်ရ၏။

“အကျွနှုပ်ကား အလွန်ကံကောင်းသော သစ်ပင်တပင်ဖြစ်ရပါ၏။ မိုးဒါဏ်လီဒါဏ်ကို ကြံ့ကြံ့ခံနိုင်ပါ၏။ မိုးကြီးလီပြင်တိုက်လာတိုင်း သာယာသောသာခြင်းသံကိုရာ သီဆိုတတ်ပါ၏။ မည်သည့်မိုးကြီးမုန်တိုင်းကမျှ အကျွနှ်ုပ်အားဒုက္ခမပီးနိုင်ပါ။” ဟု ပြာပင်ကြီးသည် လမံပင်များအား မာနထောင်ဝင့်ဝါ၍ ပြောလိုက်၏။
ပြာပင်ကြီး၏ ၀င့်ဝါသောစကားသံကို နားထောင်နီယင်း လမံပင်များသည် တုန်လှုပ်ချောက်ချားလာကြ၏။ တောင်အရပ်မှ ကောင်းခင်တခုလုံးညိုမဲလျှက် မုန်တိုင်းတိုက်ရန် အားယူနီ၏။ မိုးရိပ်ခဲကြီးများ တလိပ်လိပ်တက်လာကြ၏။ တိမ်တိုက်ကြီးများကြားမှ လျှပ်စစ်များပြနီ၏။ ဖြားရီများ တဖြည်းဖြည်း မြင့်တက်လာ၏။ နီညိုလာသည်နှင့်အမျှ မုန်တိုင်းသည်ပြင်းသထက်ပြင်းထန်လာ၏။ ကြီးမားထွားကျစ်သော ပြာပင်ကြီးသည် မတုန်မလှုပ် မားမားရပ်လျှက် မုန်တိုင်ကြီးအား ကြံ့ကြံ့ခံနီ၏။ သို့သော် ညသန်းခေါင်ယံရောက်သောအခါ မိုးသည်းထန်စွာရွာချသည့်ဒါဏ်၊ ဖြားရီတိုက်စားမှုဒါဏ်နှင့် အလွန်ပြင်းထန်သော လီမုန်တိုင်းဒါဏ်ကြောင့် ပြာပင်ကြီး၏အမြစ်များ ကုတ်ချိပ်မထားနိုင်ဘဲ မြစ်သို့ဘုန်းဘုန်းလဲကျလားရလီ၏။

လီမုန်တိုင်းကြီးငြိမ်သက်လားသောအခါ လမံပင်များသည် သူရို့၏ တချဲချဲဝမ်းနည်းကြွီကွဲသော သာခြင်းကိုဆက်ဆိုလျှက် “အဆွေပြာပင်ကြီး သင်ကားစစ်ယှုံးသောတိုက်ပွဲ၌ ကျဆုံးလားရသော စစ်သူကြီးတဦးနှင့်တူပါ၏။ စစ်ပွဲလည်းယှုံး သင်လည်းဆုံးရပါ၏။” ဟု သနားသောလီသံဖြင့် ပြောကြလီ၏။

မိမိကိုယ်ကိုဂေါင်းမာသည်ဟု ယူဆမှုသည် ကြီးမားသောအင်အားတခုအဖြစ်မြင်ရသော်လည်း ဆုံးခန်းတိုင်ဖို့ကား အလွန်ယှားပါးပါ၏။ ပျော့ပျောင်းသိမ်မွိသော နည်းပရိယာယ်သည် ဆုံးခန်းတိုင်၍ ကျဆုံးမှုအလွန်နည်းပါး၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

No comments:

Post a Comment