Sunday, June 28, 2009

ကျီးကန်းလိမ္မာ

တရက်သောအခါ ကျီးကန်းတကောင်သည် ပေါင်မုန့်ဖုတ်စက်ရုံမှ ပေါင်မုန့်တချပ်ကိုက်ချီလာ၏။ ၀မ်းသာဝမ်း မြောက်စွာဖြင့် ပေါင်မုန့်စားရန် သစ်ပင်တပင်ထက်၌ နားနီစိုင်၊ ကျီးကန်းနားနီသော သစ်ပင်အောက်သို့ ကောက်ကျစ်စဉ်းလဲသော တောခွီးတကောင် ရောက်လာ၏။ (အဆွေကျီးကန်း သင်ကားအလွန်လှပ၏။ သင့်အသံလည်း ပျားရည်ကဲ့သို့ သာယာချိုမြ၏။ ပဇာကြောင့် သာခြင်းမဆိုပါသနည်း။ အဆွေ၏ သာယာချိုမြသော သာခြင်းသံကိုနာကြားလို၍ အကျွနှုပ်လာရခြင်းဖြစ်ပါ၏။) ဟုမြှောက်ပင့်ပြောဆိုလိုက်သည်။ ကျီးကန်းသည် တောခွီး၏မြှောက်ပင့်ပြောဆိုမှုကို ကောင်းကောင်းနားလည် သဘောပေါက်လိုက်၏။ လိမ္မာပါးနပ်စွာဖြင့် ပေါင်မုန့်ကို ခြီသည်းဖြင့်ကုတ်နင်းထားပြီး သျှိန်ဒိုင်သာခြင်းကို စဆိုလိုက်၏။

ပြုတ်မနူံးမျက်နှာဖြင့် တောခွီးက (ယခုခေတ်ကျီးကန်းရို့ ကလို့လည်းကောင်းကောင်းတော်ရေဟု ပြောကြ၏။ ပဇာကြောင်း မကပါသနည်း အဆွေကျီးကန်း) ဟုမီးလိုက်၏။

ကျီးကန်းသည် ပေါင်မုန့်ကိုနှသွီးနှင့် ပြန်ကိုက်ထားလိုက်ပြီး ဒုံးယိမ်းအကဖြင့် ကပြလိုက်၏။

(အယင့်အယင်ခေါက်က ကောင်းကောင်းလိမ်စားလို့ကောင်းရေလို့ အဖိုးသျှင်ရို့ပြောကြ၏။ ယခုအခါကား ကျီးကန်းရို့ကောင်းကောင်းလိမ္မာလာကြ၏) ဟု ပြောဆိုပြီး စိတ်ညစ်ညစ်ဖြင့် တောထဲသို့ ပြန်ဝင်လားခလီ၏။

Aesop Fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment