Tuesday, June 30, 2009

အမဲလိုက်ခွီးနှင့်ယုန်သူငယ်

တောင်ကုန်တခု၌ အမဲလိုက်ခွီးတကောင်သည် ယုန်သူငယ်တကောင်အား တောနီတရိစ္ဆာန်အချင်းချင်း မိတ်ဆွေအဖြစ်နောက်ယောင်ခံ အမဲလိုက်လာ၏။ သူ၏ချွန်ထက်သော သွားများဖြင့် တချက်တချက် ငုံကိုက်လိုက် ပြန်လွှတ်လိုက်ဖြင့် မိတ်ဆွေခွီးတကောင်ကဲ့သို့ တောကဇာတ်လိုက်လာ၏။

ယုန်သူငယ်သည် အမဲလိုက်ခွီး၏ ငုံကိုက်လိုက် ပြန်လွှတ်လိုက် လုပ်နီသော အပျော်ထမ်း တောကဇာတ်ခံနီရမှုဒါဏ်ကို မခံမရပ်နိုင်ဖြစ်လာ၍ ‘အဆွေ……အမဲလိုက်ခွီး၊ သင်သည်အကျွန်ုပ်အား တောကဇာတ်မည့်အစား သင်၏မူလဗီဇစိတ်ရင်းကို ဖော်ပြသင့်ပါ၏။ အကယ်၍သင်သည် မိတ်ဆွေတဦးဖြစ်ပါက ပဇာကြောင်း အကျွန်ုပ်ကို နာကြင်အောင်ကိုက်ရပါသနည်း။ အကယ်၍သင်သည် အကျွန်ုပ်၏ ရန်သူတဦးဆိုပါလျှင် (သို့မဟုတ်) အကျွန်ုပ်သည် ကိုယ်ပင်၏သားကောင်တကောင်ဖြစ်နီပါလျှင် ပဇာကြောင်း ဂျီချေတကောင်ကဲ့သို့ အကျွန်ုပ်အား မကိုက်ဖြတ်ပါသနည်း။ မိတ်ဆွေသယောင်ယောင်ကဲ့သို့ ရက်စက်ယုတ်မာခြင်းသည် ရန်သူတယောက်၏ရက်စက်ယုတ်မာမှုထက် ဆိုးဝါးစွာ နာကြင်ခံစားရပါ၏။’ ဟု ပြတ်သားစွာ မီးခွန်းထုတ်လိုက်၏။

အကယ်၍ သင်သည် တစုံတယောက်အား ယုံကြည်မှုဟိခြင်း၊ မဟိခြင်းကို သဲသဲကွဲကွဲ မိမိကိုယ်ကိုမိမိမသိလျှင် မည်သူကိုမှ မိတ်ဆွေအဖြစ် မယုံကြည်ပါနှင့်။

Aesop Stories
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

No comments:

Post a Comment