Sunday, June 28, 2009

လီနတ်သားနှင့်နီနတ်သား

လီနတ်သားနှင့်နီနတ်သားရို့သည် မကြာမကြာ ငြင်းခုန်ခိုက်ရန်ပွားလေ့ဟိ၏။ တရက်သောအခါ နီနတ်သည် ကျွန်ုပ်၏အတိုင်းအဆမဲ့ ပူပြင်းသောရောင်ခြည်ဖြင့် ဤကမ္ဘာကြီးအား ခြောက်သွိလားအောင် ဖန်တီးနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်၏။ လီနတ်သားကလည်း အယှုံးမခံ ကျွန်ုပ်၏ တန်ခိုးကြီးမားသော လီမုန်းတိုင်းဖြင့် သင်၏ပူပြင်းခြောက်သွိမှုကို စိုစွပ်သော မိုးရာသီအဖြစ်ပြောင်းလဲပစ်နိုင်သည်ဟု တုန့်ပြန်ငြင်းဆန်လိုက်၏။

၎င်းအငြင်းပွားမှုအနားမှ နွားကျောင်းသားတဦးသည် ၀တ်ရုံချုံထည်ထူထူတခုဝတ်လျှက် ဖြတ်လာ၏။ ထိုအခါ နီနတ်သားမှ “အဆွေလီနတ်သား သင်၏တန်ခိုးကြီးမားသောလီအားဖြင့် နွားကျောင်းသားချုံထားသော ၀တ်ရုံကို ချွတ်ပစ်နိုင်ပါမည်လား။ အကယ်၍ ၀တ်ရုံကိုကွင်းလုံးကျွတ် မချွတ်ပြနိုင်လျှင်၊ အကျွန်ုပ်ချွတ်ပြနိုင်ပါ၏။” ဟု ပြိုင်ဆိုင်ပြောဆိုလိုက်၏။

“အဆွေနီနတ်သား အလွန်လွယ်လှပါ၏၊ စောင့်ကြည်နီပါ” ဟုပြောပြီး လီနတ်သားသည် သူ၏ပါးဂျောင်တွင်းထဲက လီကိုအစွမ်းကုန်မှုတ်ထုတ်လိုက်၏။ နွားကျောင်းသားသည် တဖြည်းဖြည်းချမ်းလာ၏။ သူဝတ်ရုံထူထူအား တင်းကျပ်အောင်း စည်းရုံထားလိုက်၏။ တဖြည်းဖြည်းပြင်းထန်စွာ လီတိုက်လာသောအခါ နွားကျောင်းသားသည် လီကွယ်ရာတောင်စောင်းနား၌ ကွယ်လျှက်နားခိုနီ၏။ ၀တ်ရုံကိုလည်း ကျွတ်မထွက်ရအောင် တင်းကျပ်စွာ ထပ်ဝတ်ထားလိုက်၏။

“အဆွေ လီနတ်သား အေတခါ အကျွန်ုပ်အလှည်ဖြစ်ပါ၏။ စောင့်ကြည့်နီပါ” ဟု ပြောဆိုပြီး နီနတ်သားသည် သူ၏နီရောင်ခြည်ကို တဖြည်းဖြည်းထုတ်လွှတ်လိုက်၏။ နွားကျောင်းသားလည်း တဖြည်းဖြည်းပူအိုက်လာ၏။ ထိုနောက် သူ၏ ချုံထည်ဝတ်ရုံကို ချွတ်ချလိုက်ပြီး အရိပ်ကောင်းသော ကုဣိယ်ပင်ကြီးအောက်သို့ ၀င်ထိုင် လိုက်၏။

“မြင်ယင့်လား အဆွေလီနတ်သား။ နွားကျောင်းသား ၀တ်ရုံချွတ်လို့ ကုဣိယ်ပင်အောက် ၀င်ထိုင်နီရပါ၏။” ဟု ရယ်ပြောလိုက်၏။

“ပူး……၀ူး……၀ူး…” လီနတ်သားသည် သူ၏ပါးဂျောင်တွင်းထဲမှလီကို မှုတ်လွှတ်လိုက်၏။

စိမ်းလမ်းသော၊ ရွှီဝါရောင်သန်းစပြုနီသော စပါးခင်းများသို့ လှမ်းကြည့်လျှက် “ အို…အလွန်လှပသော
ဝါကျွတ်လရာသီ မဟုတ်ပါလား။” နွားကျောင်းသား တအံ့တသြပြောလိုက်မိ၏။

နုညံ့သိမ်မွေ့စွာ ဆွဲဆောင်ခြင်းသည် အကောင်းဆုံးပေါ်လစီဖြစ်၏။

Aesop fables
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik (Sweden)

No comments:

Post a Comment